![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/အသင်းအဖွဲ့_1.jpg?itok=5fETh2fm)
ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ဒုတိုင်းဦးစီးမှူးဦးထွန်းထွန်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့တာဝန်ခံဦးနေဝင်းစိုး၊ ပုသိမ်ခရိုင်ဦးစီးမှူး ဦးတင်စိုးလှိုင်တို့သည် ဇွန်လ ၁၀ ရက်နေ့၊နေ့လယ် (၁၄:၀၀)နာရီ စားသုံးသူရေးရာဦးစီးဌာနအစည်းအဝေးခန်းမတွင် ဧရာဝတီကုန်သည်စက်မှုအသင်းဥက္ကဋ္ဌ ဦးဝင်းမြင့်လှိုင် အတွင်းရေးမှူးဦးမောင်မောင်ဦးတို့နှင့်အတူ ဧရာဝတီတိုင်းဒေသကြီး ဆားတောင်သူအတွင်းရေးမှူးဦးမြင့်ဌေးအဖွဲ့ဝင်ဦးမိုးလွင်တို့နှင့်တွေ့ဆုံခဲ့ပါသည်၊၊
စားသုံးသူရေးရာဦးစီးဌာန ဒုတိုင်းဦးစီးမှူးဦးထွန်းထွန်းက ဧရာဝတီတိုင်းဒေသကြီးအတွင်း စီးပွားရေးကဏ္ဍများပိုမိုဖွံ့ဖြိုးတိုးတက်စေရန် တိုင်းဆားတောင်သူများအသင်းကို သင်းဖွဲ့ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြန်လည်ဖွဲ့စည်းနိုင်ရေး တိုင်းအတွင်းရှိ သဘာဝအရင်း အမြစ်များကို အသုံးပြုပြီး ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံစီးပွားရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမှာဖြစ်သည့်အတွက် အသင်းအဖွဲ့များ အားကောင်းဖို့လိုအပ်ကြောင်း ဧရာဝတီကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးဝင်းမြင့်လှိုင်က နိုင်ငံတော်မှ အသင်းအဖွဲ့များဦးစားပေးနေသလို အသင်းမှလည်း မိမိတို့ လုပ်ငန်းများအပေါ် အားသာချက်အားနည်းချက်များကို ဝိုင်းဝန်းဆွေးနွေး၍ လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်ရမှာဖြစ်ကြောင်း အခက်အခဲများရှိပါက တိုင်းဒေသကြီး အစိုးရအဖွဲ့ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်အသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်၊၊
DOCA(ဧရာဝတီ)