Leave a message

Main menu

ဝေါမြို့နယ်အတွင်းရှိ ဆန်နှင့်ဆန်ပစ္စည်းများ လက်လီလက်ကားရောင်းချနေသော ဆန်ဆိုင်များသို့သွား ရောက်ကွင်းဆင်းစစ်ဆေး

Powered by Drupal

       စားသုံးသူ‌ရေးရာဦးစီးဌာန ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင်ဦးစီးမှူး၊ ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် တာဝန်ရှိသူတို့သည် (၁၀.၆.၂၀၂၄)ရက်နေ့ နေ့လယ်ပိုင်းတွင် ပဲခူးခရိုင် ဝေါမြို့နယ်အတွင်းရှိ ဆန်နှင့် ဆန်ပစ္စည်းများ လက်လီလက်ကားရောင်းချနေသော ဆန်ဆိုင်များသို့ သွားရောက်၍ ဆန်သိုလှောင်ထားရှိမှုနှင့် ရောင်းချဖြန့်ဖြူးမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ပဲခူးမြို့အတွင်း ဆန်ပြတ်လပ်မှုနှင့် ဆန်ဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရေးအတွက် ဆန်အရောင်းဆိုင်များသို့ ဆန်အမျိုးအစားများ၊ လက်လီ/လက်ကားရောင်းချမှုအခြေအနေ၊ ဝယ်ယူရောင်းချသည့် ကုန်စည်စီးဆင်းမှုအခြေအနေ၊ ဆန်အမျိုးအစားအလိုက် သိုလှောင်မှု လက်ကျန်အခြေအနေတို့ကို ကွင်းဆင်းစစ်ဆေး၍ ဈေးနှုန်းမြှင့်တင်ရောင်းချ ဖြန့်ဖြူးခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများမပြုရန် ဆန်နှင့်ဆန်ပစ္စည်းများ လက်လီ/ လက်ကားရောင်းချနေသော လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးကာ ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

a