Main menu

တောင်ငူမြို့တွင် MSMEs လုပ်ငန်းရှင်များသို့ ကွင်းဆင်းဆောင်ရွက်

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူသည် ၂၀၂၄ခုနှစ် ဇွန်လ ၁၁ ရက်နေ့ ညနေပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ တာဝန်ပေးချက်အရ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ချေးငွေလျှောက်ထားသည့် တောင်ငူမြို့နယ်မှ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များသို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။

    ပူးပေါင်းအဖွဲ့သည် ချေးငွေအဆိုပြုလျှောက်ထားသည့် လုပ်ငန်းရှင်များ၏ လုပ်ငန်းဆောင် ရွက်မှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးပြီး လုပ်ငန်းရှင်များက ရရှိသောချေးငွေများအား အကျိုးရှိ စွာအသုံးပြုနိုင်ရေးအတွက် လုပ်ငန်းရှင်များ၏ တင်ပြမှုအပေါ် သက်ဆိုင်ရာ ဌာနဆိုင်ရာများအလိုက် ကူညီဆောင်ရွက်ပေးနိုင်မည့်အခြေအနေများကို ရှင်းလင်းဆွေးနွေးပါသည်။

    စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံက ရှင်းလင်းဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာနသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနဖြစ်သဖြင့် MSMEs လုပ်ငန်းများမှ ထုတ်ကုန်ပစ္စည်းများ ဈေးကွက်ရှာဖွေဖော်ထုတ်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ထုတ်ကုန်ပစ္စည်းများ ပြည်ပဈေးကွက်သို့ ထိုးဖောက်နိုင်ရေးအတွက် ထုတ်ကုန်ပစ္စည်း များ အရည်အသွေးမှီရုံဖြင့် မလုံလောက်ကြောင်း၊ သေသပ်လှပသောထုတ်ပိုးမှုစနစ်နှင့် တိကျမှန်ကန် သော ကုန်အညွှန်းအမှတ်အသားများ ဖော်ပြရန်လိုအပ်ပါကြောင်းဖြင့် ရှင်းလင်းပြောကြားပါသည်။

     ကွင်းဆင်းစစ်ဆေးရေးအဖွဲတွင် ဆည်မြောင်းနှင့်ရေအရင်းအမြစ် အသုံးချရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနနှင့် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနတို့မှ မြို့နယ်ဦးစီးမှူးများပါဝင်၍ ပူးပေါင်းဆောင်ရွက်ကြောင်း သိရပါသည်။

DOCA(ပဲခူး)