![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/14.6_5.jpg?itok=l3_42sVS)
တောင်ငူမြို့နယ်အတွင်းရှိ အမှတ်တံဆိပ်ပါစားသုံးဆီများ ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသည့်လုပ်ငန်းရှင်များအား တွေ့ဆုံ၍ ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရေး အသိပညာပေးဆွေးနွေးပွဲကို ၂၀၂၄ခုနှစ် ဇွန်လ ၁၀ ရက်နေ့ မွန်းလွဲပိုင်းက တောင်ငူမြို့ရှိ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ပါသည်။
အခမ်းအနားတွင် တောင်ငူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးကျော်ဝင်းက အဖွင့် အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးဦးမျိုးအောင်က အခမ်းအနားကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။ ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးတင်မောင်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယကြီးကြပ်ရေးမှူး ဒေါ်သူသူဟန်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးခိုင်ထွန်းတို့က သက်ဆိုင်ရာဌာနများအလိုက် လုပ်ငန်းရှင်များ သိသင့်သိထိုက်သည်များကို ရှင်းလင်းပြောကြားပါသည်။
ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူက အမှတ်တံဆိပ် ပါ စားသုံးဆီများတွင် ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ကုန်အညွှန်းအမှတ်အသားများ မှန်ကန်စွာဖော်ပြရေး၊ ရောနှောဆီများ ထုတ်လုပ်ရာတွင် အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်ရေးတို့ကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် လုပ်ငန်းရှင်များ၏ ဆွေးနွေးမေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေးပါသည်။
အခမ်းအနားသို့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်ဇော်လင်း၊ တောင်ငူခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းဥက္ကဌ ဦးကျော်သိန်းနှင့် အမှတ်တံဆိပ်ပါစားသုံးဆီ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူလုပ်ငန်းရှင် ၃၂ ဦးတက်ရောက်ကြောင်း သိရပါသည်။
DOCA(ပဲခူး)