Main menu

ပြည်နယ်ဦးစီးမှူးမှ သဘာဝမြေဩဇာလုပ်ငန်းရှင်နှင့် တွေ့ဆုံ

Powered by Drupal

      ၁၂.၆.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် ပြည်နယ်ဦးစီးမှူးရုံး၌ “မော်ရွှေမြိုင်” အမှတ်တံဆိပ် သဘာဝမြေဩဇာထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံခဲ့သည်။

       ထိုသို့ တွေ့ဆုံရာတွင် ပြည်နယ်ဦးစီးမှူးက ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြရာ၌ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း (၁၈) တွင် ပြဌာန်းထားသည့်အတိုင်း လိုက်နာရန်လိုအပ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်နှင့် စပ်လျဉ်း၍ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရမည့်အချက်များအား ကုန်စည်အမျိုးအစားအလိုက် အသေးစိတ်ညွှန်ကြားချက်များကို မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က (၃.၁၂.၂၀၁၉) ရက်နေ့တွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ဖြင့် ထုတ်ပြန်ထားပြီးဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

DOCA(မွန်)