Main menu

မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံမှ စီးပွားရေးလုပ်ငန်းရှင်နှင့်‌ တွေ့ဆုံ

Powered by Drupal

     ၁၂.၆.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ဌာနခွဲတာဝန်ခံသည် “တော်ဝင်” အမှတ်တံဆိပ် အသင့်စားမုန့်စုံ ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံခဲ့သည်။

   ထိုသို့ တွေ့ဆုံရာတွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ဌာနခွဲတာဝန်ခံက လုပ်ငန်းရှင်အား ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများပေါ်တွင် ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်များကို မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉) ညွှန်ကြားချက်နှင့်အညီ ဖော်ပြရမည့်အပြင် အမှတ်တံဆိပ်၊ ပါဝင်ပစ္စည်း၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်တို့ကိုလည်း ပြည်စုံစွာဖော်ပြပေးရန် လိုအပ်ကြောင်း ဆွေးနွေး ခဲ့သည်။

DOCA(မွန်)