Main menu

ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးကို ဘားအံမြို့ရှိ မြို့မဈေးနှင့် ရေပေါ်ဈေးတွင် ဈေးကွက်စောင့်ကြည့်စစ်ဈေးခြင်းဆောင်ရွက်

Powered by Drupal

     ၂၀၂၄ ခုနှစ် ဇွန်လ၁၂ ရက်နေ့ နံနက် (၁၀း ၀၀) နာရီအချိန်တွင် ကရင်ပြည်နယ် စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များဖြစ်သော စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ ဝန်ထမ်းများသည် ဘားအံမြို့ရှိ ရေပေါ်ဈေးနှင့် မြို့မဈေးတို့၌  ရောနှောဆီအပါအဝင်စားသုံးဆီ အမျိုးမျိုးကို ဈေးကွက် စောင့်ကြည့်စစ်‌ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေအရ ထုတ်ပြန်သည့် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)တို့နှင့်ကိုက်ညီမှုရှိ/မရှိ အခြေအနေများကိုလည်းကောင်း၊ အမျိုးသားအစားအသောက်ဥပဒေအရ ထုတ်ပြန်ထားသည့် ဟင်းသီးဟင်းရွက်ဆီများကို ရောနှောဆီအဖြစ် ရောစပ်ရောင်းချရာတွင် လိုက်နာရမည့်  အရည်အသွေး၊ အာမခံချက်နှင့် အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာ သတ်မှတ်သည့်အမိန့်အမှတ် (၂/၂၀၂၄)တို့နှင့် ကိုက်ညီမှု ရှိ/မရှိ အခြေအနေများကို စစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများ၏ ဥပဒေ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီစွာဖြန့်ဖြူးရောင်းချမှု ရှိ/မရှိတို့ကို  စိစစ်ကြပ်မတ်ညွှန်ကြားခဲ့ကြောင်း သိရသည်။

    စားသုံးဆီအမျိုးမျိုးသည် ပြည်သူများ၏ နေ့စဉ်စားသောက်မှုတွင် မပါမဖြစ်အသုံးပြုရသည့် အခြေခံစားကုန်ဖြစ်ပြီး သတ်မှတ်စံချိန်စံညွှန်များနှင့် ကိုက်ညီမှုမရှိသော စားအုန်းဆီများကို ရေရှည်စားသုံးမိပါက စားသုံးသူများကို ဘေးအန္တရာယ်ဖြစ်စေနိုင်ပြီး ထိခိုက်နိုင်ခြေများသော ကုန်စည်ဖြစ်ခြင်းကြောင့် စားသုံးသူရေးရာဦးစီးဌာနသည် ရောနှောဆီ ( Blended Oil ) များ အပါအဝင် စားသုံးဆီအမျိုးမျိုးကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တပြေးညီ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ‌ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)