Main menu

လားရှိုးမြို့ပေါ်ရှိ ပုဂ္ဂလိကစက်သုံးဆီဆိုင်များအား ရှောင်တခင်စစ်ဆေး

Powered by Drupal

    ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ဇွန်လပထမ အပတ်တွင် လားရှိုးခရိုင်ရေနံထွက်ပစ္စည်းများ တင်သွင်းသိုလှောင်သယ်ယူချက်လုပ်ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီအဖွဲ့ဝင်များမှ ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါ ဆပ်ကော်မတီမှအဖွဲ့ဝင်များသည် လားရှိုးမြို့ပေါ်ရှိ ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင် (၁၀)ဆိုင်အား ရေနံထွက်ပစ္စည်းများကို ဈေးနှုန်း၊ စက်သုံးဆီ စံချိန်စံညွှန်း ၊ အရည်အသွေးနှင့် အခြင်အတွယ် ပြည့်မီမှန်ကန်မှု ရှိ/မရှိ၊ လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် သတ်မှတ်ချက်အတိုင်း ဆောင်ရွက်ထားမှု ရှိ/မရှိ ၊ မီးဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ကြိုတင်စီမံဆောင်ရွက်ထားမှု အခြေအနေနှင့် စက်သုံးဆီပြတ်လပ်မှုမရှိစေရေးအတွက် စက်သုံးဆီလက်ကျန်စာရင်း တိုင်းတာစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)