![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/စားသုံးဆီ_7.jpg?itok=7xFA_Da7)
စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများ ဘေးအန္တရာယ်မရှိသည့် ထုတ်ကုန်များရရှိစေရေး ပိုမိုချိုသာသော ဈေးနှုန်းဖြင့်ရွေးချယ်ဝယ်ယူနိုင်သည့် ဈေးကွက်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်လျက်ရှိရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူး၏ လမ်းညွှန်မှု့အရ ၂၀၂၄ ခုနှစ်၊ ဇွန်လ(၁၂)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် နမ့်စန်မြို့ပေါ်ရှိ ဒေါ်သန်းသန်းဌေး(ဒေါင်းတိုက်) စားသုံးဆီအရောင်းဆိုင်မှ စားသုံးဆီများအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချနေမှုများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ရှမ်း)