Main menu

တောင်ကြီးမြို့၊ ပညာရေးဒီဂရီကောလိပ်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးမှု ဆောင်ရွက်

Powered by Drupal

     ရှမ်းပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးဆောင်သောဝန်ထမ်းများသည် ဇွန်လ(၁၁)ရက်နေ့ နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့ရှိ ပညာရေးဒီဂရီကောလိပ် ကမ္ဘောဇခန်းမတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါဟောပြောပွဲတွင် တောင်ကြီးပညာရေးဒီဂရီကောလိပ်မှ ဒုတိယကျောင်းအုပ်ဆရာမကြီး ဒေါက်တာမိမိမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး  စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး ဦးရွှေဖြူ က စားသုံးသူများသိရှိရမည့် အခွင့်အရေးများ၊  စားသုံးသူများ လိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်နှင့်ဝတ္တရားများ၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များ အကြောင်း  သတိပြုကြည့်ရှုဝယ်ယူရမည့် ကုန်ညွှန်းအမှတ်အသားဆိုင်ရာနှင့် ရွေးချယ်ဝယ်ယူသုံးစွဲရမည့်ကုန်စည်များ၊ လုံခြုံစိတ်ချရမှုမရှိသော ကုန်ပစ္စည်းများအား ဝယ်ယူသုံးစွဲပါက ဖြစ်ပေါ်လာနိုင်သည့် နစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်း၍ တင်ပြတိုင်ကြားနိုင်သည့် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ(CICC) ရုံးများတွင် တိုင်ကြားနိုင်ပြီး mobile application ဖြစ်သော DOCA Myanmar App တွင်တိုင်ကြားနိုင်၍ Consumer Call Center နံပါတ် (၁၅၃၅)သို့လည်း ဆက်သွယ်မေးမြန်းတိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။

      ဆွေးနွေးပွဲတွင် တက်ရောက်သူများ၏ မေးမြန်းဆွေးနွေးမှုများကို ပြည်နယ်ဦးစီးမှူးက  ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး  ဒုတိယကျောင်းအုပ်ဆရာမကြီးထံသို့  စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ်များနှင့် လက်ကမ်းစာစောင်များ  ပေးအပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ဆရာ/ ဆရာမ (၂၃ )ဦး၊ သင်တန်းသား/သူ (၃၆၈) ဦး၊စုစုပေါင်း (၄၉၁)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)