Main menu

တောင်ဥက္ကလာပမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ စားအုန်းဆီဖြန့်ဖြူးသည့် လုပ်ငန်းရှင်များ ခေါ်ယူတွေ့ဆုံရန် အသိပညာပေးဟောပြောဆွေးနွေး

Powered by Drupal

    စားသုံးသူ‌ရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များအား စားအုန်းဆီ ဖြန့်ဖြူးခွဲဝေရောင်းချမှုနှင့် ပတ်သက်၍ ၂၀၂၄ ခုနှစ် ဇွန်လ ၃ ရက်နေ့မှစပြီး နိုင်ငံတော်၏မူဝါဒအရ ဆီဖြန့်ခွဲမှုစနစ်သစ်ဖြင့် သက်ဆိုင်ရာကုမ္ပဏီများမှ တိုက်ရိုက်ဖြန့်ဖြူးလျက်ရှိရာ   အရှေ့ပိုင်းခရိုင် ဦးစီးမှူးရုံး၏ သင်္ဃန်းကျွန်းခရိုင်အတွင်း တောင်ဥက္ကလာပမြို့နယ်ရှိ စားအုန်းဆီလက်လီ/လက်ကားရောင်းချသည့်ကိုယ်စားလှယ်များ၊ ဈေးတာဝန်ခံများ၊ ဆီခွဲဝေသည့် ကုမ္ပဏီတို့အား (၁၁.၆.၂၀၂၄) ရက်နေ့ နေ့လယ် ၁၂:၀၀ နာရီအချိန်တွင်   အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံး၌  ခေါ်ယူတွေ့ဆုံ၍ ဆီဖြန့်ဖြူးမှုနှင့် ပတ်သက်ပြီး အထက်ဌာနအကြီးအကဲများ၏ လမ်းညွှန်ချက်များအား ရှင်းလင်းပြောကြားခြင်း၊ သက်မှတ်ရည်ညွှန်းဈေးအပေါ် ဒေသအရောက်သယ်ယူပို့ဆောင်ခများအပါအဝင် ၂ % အမြတ်ဖြင့်သာရောင်းချရန်၊ စားသုံးသူလက်ဝယ်သို့ တိုက်ရိုက်မှန်ကန်စွာဖြန့်ဖြူးရန်၊ ဈေးနှုန်းအဆမတန်ရောင်းချခြင်းမပြုရန်နှင့် ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးဖြင့်သာ ရောင်းချကြရန် တို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

      ထို့အပြင် လက်ရှိဖြန့်ဖြူးရောင်းချသူများအနေဖြင့် ဈေးအတွင်း/အပြင်ရှိဆီဆိုင် များနှင့် ဌာနဆိုင်ရာဌာနမှ ဝန်ထမ်းများအား စနစ်တကျမျှတစွာ ခွဲဝေဖြန့်ဖြူးရောင်းချပေးနိုင်ရေးတို့ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ သက်ဆိုင်ရာစည်ပင်သာယာရေးကော်မတီ၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းမှတာဝန်ရှိသူများ၊ ဆီဖြန့်ဖြူးသည့်ကုမ္ပဏီနှင့် လက်လီ/လက်ကားကိုယ်စားလှယ်တို့ဖြင့် ညှိနှိုင်းဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါ သည်။

DOCA(ရန်ကုန်)