![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/17.9_2.jpg?itok=_rKqZCn1)
စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦး၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူး ဦးလှစိုးနှင့် ဝန်ထမ်းများသည် မြို့နယ်ဈေးစည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတို့နှင့် ပူးပေါင်းကာ (၁၁.၆.၂၀၂၄) ရက်နေ့ (၁၀:၀၀)နာရီ အချိန်တွင် တောင်ဥက္ကလာပမြို့နယ်၊ နန္ဒဝန်ဈေးအတွင်းရှိ စားသုံးဆီရောင်းချသော ကုန်စုံဆိုင်များတွင် စားအုန်းဆီရောင်းချမှု အခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် သက်မှတ်ရည်ညွှန်းဈေးအပေါ် ဒေသအရောက်သယ်ယူ ပို့ဆောင်ခများအပါအဝင် ၂% အမြတ်ဖြင့်သာရောင်းချရန်၊ စားသုံးသူလက်ဝယ်သို့ တိုက်ရိုက် မှန်ကန်စွာဖြန့်ဖြူးရန်၊ ဈေးနှုန်းအဆမတန်ရောင်းချ ခြင်းမပြုရန်နှင့် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးဖြင့်သာ ရောင်းချကြရန်တို့ကို စစ်ဆေးပြောကြားခဲ့ပြီး ဆက်လက်၍ တာဝန်ရှိသူမျာက ဈေးကစားရန်အလို့ငှာ စားဆီများသိုလှောင်ထားခြင်း ရှိ/မရှိတို့ကို စစ်ဆေးခြင်း၊ စည်းကမ်းလိုက်နာမှု မရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်းနှင့် ဈေးကွက်အတွင်းရောင်းချနေသော အခြားစားသုံးဆီအမျိုးမျိုးနှင့် စားသောက်ကုန်တို့တွင်လည်း စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်မှု ရှိ/မရှိကို ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)