![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/ctqm_1.jpg?itok=Zy5gZiCt)
စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲ ရေးဌာနခွဲ၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (လှည်းကူး) ၏ ဓာတ်ခွဲခန်းများမှ ၂၀၂၄ ခုနှစ်၊ မေလအတွင်း လုပ်ငန်းရှင်ပေါင်း(၄၄)ဦးက အပ်နှံလာသော သီးနှံ အမျိုးအစား(၁၃)မျိုး၊ စုစုပေါင်းနမူနာအရေအတွက် (၁၁၇) ခု၊ ဓာတ်ခွဲစမ်းသပ်မှုပေါင်း (၂၉၈) ခုကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါသည်။
၂၀၂၄ ခုနှစ်၊ မေလအတွင်း လယ်ယာထွက်ကုန်ပို့ကုန်များအား ဂျပန်၊ စင်ကာပူနှင့် နယ်သာလန်နိုင်ငံများသို့ တင်ပို့နိုင်ရေးအတွက် ထောပတ်ပဲ၊ ပဲတီစိမ်း၊ ပဲစာဥ၊ ပဲယင်း၊ ပဲလွန်း၊ ဂျုံစေ့၊ စွန်တာနီ၊ နှမ်းညို၊ ပဲယင်းနီ၊ မတ်ပဲ၊ ဆန်ကွဲနှင့် တိရစ္ဆာန်အစာ တို့၏ ရူပနှင့် ဓာတုအရည် အသွေး၊ ပိုးသတ်ဆေးကြွင်းပါရှိမှု၊ မှိုဆိပ်ပါရှိမှုစသည့် ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်းကို လည်း ကောင်း၊ အင်ဒိုနီးရှားနိုင်ငံမှ တင်သွင်းလာသည့် စားအုန်းဆီများ၏ အရည်အသွေးများကိုလည်း ကောင်း ဓာတ်ခွဲစမ်းသပ်ခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။
ဓာတ်ခွဲခန်းအလိုက် ဓာတ်ခွဲစမ်းသပ်မှုအနေဖြင့် ပိုးသတ်ဆေးကြွင်းဆိုင်ရာ ဓာတ်ခွဲခန်းမှ ဓာတ်ခွဲစမ်းသပ်မှု (၇၀) ခု၊ မှိုဆိပ်ဓာတ်ခွဲခန်းမှ ဓာတ်ခွဲစမ်းသပ်မှု (၁၃) ခု၊ ဆီနှင့်ဆီထွက် သီးနှံ ဓာတ်ခွဲခန်းမှဓာတ်ခွဲစမ်းသပ်မှု(၂၀၅)ခုနှင့် သီးနှံ(ဓာတု)ဓာတ်ခွဲခန်းမှ ဓာတ်ခွဲစမ်းသပ်မှု(၁၀)ခု စုစုပေါင်း ဓာတ်ခွဲစမ်းသပ်မှု (၂၉၈) ခု ဆောင်ရွက်နိုင်ခဲ့ပါသည်။
သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ