![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/19.9_2.jpg?itok=YoFiuBhw)
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးစျေးကွက်အတွင်း စားဖိုဆောင်သုံးသီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်နီစျေးနှုန်းများ တည်ငြိမ်လျက်ရှိပါသည်။ ဇွန်လ(ပထမပတ်)တွင် ကြက်သွန်နီ (၁)ပိဿာလျှင် ကျပ်(၁၆၀၀-၁၈၀၀-၂၁၀၀)ရှိခဲ့ပြီး ဇွန်လ(ဒုတိယပတ်)တွင် ယခင်(ပထမပတ်) စျေးနှုန်းအတိုင်း ပြောင်းလဲခြင်းမရှိကြောင်း၊ ရေနံချောင်း၊ ပခုက္ကူ၊ မြစ်သားတို့မှ ဝယ်ယူကြောင်း၊ ကြက်သွန်နီများကို ပွဲရုံမှတစ်ဆင့် မင်းဘူး၊ သရက်၊ ကံမ၊ နတ်မောက်၊ ငဖဲမြို့များမှ ပြန်လည် ဝယ်ယူကြပြီး တစ်နေ့လျှင် ပိဿာချိန် (၁၀၀၀)ခန့်၊ တစ်ပတ်လျှင် တန်ချိန်(၉)တန်ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပွဲရုံများမှ သိရှိရပါသည်။
ရေနံချောင်းစျေးကွက်တွင်လည်း ဒေသထွက်ကုန်ဖြစ်သော ကြက်သွန်နီစျေးနှုန်းများမှာ ဇွန်လ(ဒုတိယပတ်)တွင် ယခင်(ပထမပတ်)အတိုင်း ကျပ်(၁၆၀၀-၁၈၀၀-၂၀၀၀)ဖြစ်၍ စျေးနှုန်း ပြောင်းလဲခြင်းမရှိကြောင်း၊ ကြက်သွန်နီများကို ရန်ကုန်၊ ပြည်၊ အောင်လံမြို့သို့ တင်ပို့ရောင်းချပြီး တစ်ရက်လျှင် ပိဿာချိန် (၁၀၀၀၀)ခန့်၊ တစ်ပတ်လျှင် တန်ချိန်(၉၇)တန်ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပွဲရုံများမှသိရသည်။
DOCA(မကွေး)