Main menu

အလှကုန်ပစ္စည်းအရောင်းဆိုင်များအား အဖွဲ့စုံဖြင့်ကွင်းဆင်းစစ်ဆေး

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာနသည် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်လျာထားချက်များသတ်မှတ်ပြီး ဆောင်ရွက်လျက်ရှိရာ အစားအသောက်၊ ဆေးဝါး၊ ရေသန့်အမျိုးမျိုးတို့သာမက အလှကုန်ပစ္စည်းများအားလည်း စစ်ဆေးလျက်ရှိပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်တာဝန်ခံသည် ဆက်စပ်ဌာနများဖြစ်သည့် အစားအ‌‌သောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်းပြီး (၁၃.၆.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် မကွေးမြို့ရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တရားဝင်တင်သွင်းလာသော အလှကုန်ပစ္စည်းများ၊ ကုန် အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များနှင့်ပြည့်စုံသည့် အလှကုန်ပစ္စည်းများသာ ဆိုင်တင်ရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ကုန်စည်အုပ်စု(၈)ခုတွင် ဖော်ပြပါဝင်ရမည့် အချက်အလက်များပါဝင်သည့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး