Main menu

မင်းတုန်းမြို့တွင် စားသုံးသူများဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေး ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

 စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သရက်ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်နွဲ့ယဉ်ဝင်းနှင့် မင်းတုန်းမြို့နယ်တာဝန်ခံ ဒုတိယကြီးကြပ်ရေးမှူး ဦးကျော်ရွှေသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊  စည်ပင်သာယာ ရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ (၁၀-၆-၂၀၂၄)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင် ပလတ်စတစ်အိတ်သုံးစွဲမှုလျှော့ချရေး ကမ်ပိန်း(Campaign) ပြုလုပ်ခြင်းနှင့် ပလတ်စတစ်အိတ်အစားထိုး သတင်းစာစက္ကူ၊ အင်ဖက်များ အစားထိုးသုံးစွဲစေရေး အသိပညာပေးခြင်းနှင့် မြို့ပေါ်ရပ်ကွက်များရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းများသို့ ဆီးချိုရောဂါနှင့်သက်ဆိုင်သည့် Mixtard-Insulin ဆေးအား တရားမဝင်တင်သွင်းဖြန့်ဖြူး ရောင်းချနေခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့စစ်ဆေးရာတွင် ဆေးနှင့်ဆေးပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဈေး ကစားရန်ရည်ရွယ်၍ သိုလှောင်ထားခြင်းများမရှိစေရေး၊ မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းမပြုရန်နှင့် ဆီးချိုရောဂါနှင့်သက်ဆိုင်သည့် Mixtard-Insulin ဆေးဝါးများ ဈေးကွက်အတွင်းရောင်းချမှုမရှိစေရေး ဆွေးနွေးပြောကြားခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည် အုပ်စု(၈)အုပ်စုအနက် ကုန်စည်အုပ်စု(င)တွင်ပါရှိသည့် ဆေးဝါးနှင့်ဖြည့်စွက်စာများတွင် ပါဝင်ရမည့်အချက်များ၊  ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများကို ထည့်သွင်းဖော်ပြထားသည့် ဆေးဝါးများကိုသာ ရောင်းချရန် အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)