![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/19.23.jpg?itok=RFj8v0yW)
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ၂၀၂၄ ခုနှစ် ဇွန်လ ၁၄ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မိတ္ထီလာမြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများသည် မိတ္ထီလာမြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းရောင်းချနေသည့် ဆိုင်များသို့သွားရောက်၍ အပတ်စဉ် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ဘိလပ်မြေဝယ်ယူရရှိမှုအခြေအနေနှင့် ဈေးနှုန်းဈေးကွက်အခြေအနေတို့အား ဆွေးနွေးခဲ့ရာ ဆောက်လုပ်ရေးသုံးပစ္စည်းများနှင့်ဘိလပ်မြေတို့ကို စက်ရုံများမှတိုက်ရိုက် ဝယ်ယူရောင်းချလျက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် အပါချီအမှတ်တံဆိပ် ဘိလပ်မြေတစ်အိတ်လျှင် (၈၈၀၀) ကျပ်၊ အယ်ဖာအမှတ်တံဆိပ် ဘိလပ်မြေတစ်အိတ်လျှင် (၈၅၀၀) ကျပ်နှင့် ကြံ့နှစ်ကောင် အမှတ်တံဆိပ် ဘိလပ်မြေတစ်အိတ်လျှင် (၈၆၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ဇွန်လပထမပတ်နှင့် နှိုင်းယှဉ်ပါက ယခုအပတ်တွင် အရောင်းအဝယ်အေး၍ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရှိရပါ သည်။
DOCA(မန္တလေး)