Main menu

မြိတ်မြို့တွင် ဆန်နှင့် ဆီ ရောင်းချသည့် ဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် အခြေခံစားကုန်များဖြစ်သော ဆန်နှင့် စားသုံးဆီစျေးနှုန်းများကို စျေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန် ၂၀၂၄ခုနှစ်၊ ဇွန်လ(၁၂)ရက်နေ့၊ နံနက်(၉း၀၀)နာရီ အချိန်တွင်  စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍ မြိတ်ခရိုင် ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များဖြင့် မြိတ်မြို့၊ မြစ်ငယ်ရပ်ရှိ ဆန်နှင့် ဆီ အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

    ကွင်းဆင်းစစ်ဆေးရာတွင် ဆန်နှင့်ဆီအရောင်းဆိုင်များကို သတ်မှတ်ရည်ညွှန်းစျေးဖြင့် အလေးချိန်မှန်ကန်စွာဖြင့် ရောင်းချရန်နှင့် ဒေသတွင်းဖြစ်သင့်ဖြစ်ထိုက်သောစျေးနှုန်းဖြင့်သာရောင်းချရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)