Main menu

ဖျာပုံမြို့နယ် (၇) ရပ်ကွက် (အ.မ.က - ၉ ) မူလတန်းကျောင်းတွင် ကျောင်းသား/သူများအား အသိပညာပေး ဟောပြောခြင်း

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်မှုဖြင့် မြို့နယ် ပညာရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းကာ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၁)ရက်နေ့ နံနက် (၁၀:၀၀) နာရီ အချိန်တွင် ဖျာပုံမြို့ (၇) ရပ်ကွက် (အ.မ.က - ၉ ) ကျောင်း၌ ဆရာ/ ဆရာမ (၄) ဦးနှင့် ကျောင်းသူ / သား (၈၀) ဦးတို့အား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

     အဆိုပါ ဟောပြောပွဲတွင် မြို့နယ် ပညာဦးစီးဌာနမှ လက်ထောက် ပညာရေးမှူး ဒေါ်မိုးသီတာက  အဖွင့်အမှာစကား ပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမင်းဇော်က စားသုံးသူ၏ အဓိပ္ပာယ်ဖွင့်ဆိုချက် ၊  စားသုံးသူ၏ အခွင့်အရေးများနှင့် ကုန်အညွန်းအမှတ်အသားဆိုင်ရာများသိစေရန်  အကျယ်တဝင့် အသိပညာပေး ဟောပြောသည်။ ဆက်လက်၍ ကျန်းမာရေးဦးစီးဌာနမှ သွားအထူးကုဒေါက်တာကံထူးက သွားအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ ဒေါက်တာသိန်းထွန်းဝင်းက သွေးလွန်တုပ်ကွေးကာကွယ်ခြင်းအကြောင်းကိုလည်းကောင်းအသီးသီး ဟောပြောခဲ့ပြီး ကလေးငယ်များအား တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် သွားခံတွင်းများကို စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)