![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/20.20_0.jpg?itok=n_Xb1rBD)
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် တန်ဖိုးသင့်အခြေခံစားသောက်ကုန်များကို စိုက်ပျိုး၊ မွေးမြူထုတ်လုပ်သူများမှ ဆန်၊ ဆီနှင့် ကြက်ဥ၊ ဒေသထွက် ဟင်းသီးဟင်းရွက်သီးနှံများကို ၂၀၂၄ ခုနှစ်၊ ဇွန်လ တတိယအပတ် ၁၅ ရက်နေ့တွင် မုံရွာမြို့၊ ပြည်ထောင်စုဈေးတို့တွင် နံနက် (၀၇:၀၀) နာရီအချိန်တွင် သက်သာသောဈေးနှုန်းဖြင့် အပတ်စဉ် ရောင်းချပေးလျက်ရှိပါသည်။
ထိုသို့ရောင်းချခဲ့ရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမြတ်ကျော်၏ ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့ သည် အခြေခံစားကုန်များ ကုန်ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးအတွက် ကိုယ်တိုင်စိုက်ပျိုး/မွေးမြူ/ ထုတ်လုပ်သူများနှင့် ပူးပေါင်းကာ စားအုန်းဆီတစ်ပိဿာလျှင် ၅၈၅၀ ကျပ်၊ ဝယ်ယူသည့်ပြည်သူ များ အဆင်ပြေစေရန် ကောင်တာ (၂) ခုခွဲ၍ ဆီ (၄၄၀) ပိဿာနှင့် မုံရွာမြို့၊ မြို့သစ်(အထက) ကျောင်းတွင် တိုင်း/ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာ ဝန်တမ်းအများ စုပေါင်းသန့်ရှင်းရေးတွင် ဆီ (၃၃၀) ပိဿာ၊ ဆန်တစ် ပြည်လျှင် ၃၀၀၀ ကျပ်၊ ဆန်(၂၄)ပြည် ဝင်အိတ် (၂၀) အိတ်၊ ကြက်ဥ (၄) လုံးတစ်ထုပ်လျှင် ၁၀၀၀ ကျပ်၊ ကြက်ဥ အလုံး(၂၇၀၀)၊ ငုံးဥ ( ၁၃ ) လုံးတစ်ထုပ်လျှင် ၁၀၀၀ ကျပ်၊ အလုံး (၃၀၀၀)နှင့် ကြာဇံများ၊ ခေါက်ဆွဲခြောက်များ၊ ကုလားပဲမှုန့်များ၊ ကိတ်စို/ ကိတ်ခြောက် များနှင့် ဒေသထွက် ဟင်းသီးဟင်းရွက်သီးနှံများကို ပြင်ပပေါက် ဈေးထက်သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)