Main menu

“ တွံတေးမြို့နယ်နှင့် ဒလမြို့နယ်တို့၌ ကလေးကစားစရာ ပစ္စည်းအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်နှင့် ဒလမြို့နယ်အတွင်းရှိ ရပ်ကွက်များမှ ကလေးကစားစရာပစ္စည်းအရောင်းဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ညွှန်ကြားချက်အရ ပြည်တွင်းပြည်ပမှ ထုတ်လုပ်တင်သွင်းဖြန့်ဖြူးနေသော ကုန်စည်များနှင့်စပ်လျဉ်၍ ဘေးအန္တရာယ်ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိရမည့်အချက်များအား ဖော်ပြမှု ရှိ/မရှိကို ဇွန်လ(၁၃)ရက်နှင့် ဇွန်လ(၁၄)ရက်နေ့တို့တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများသည် မြို့နယ်အတွင်း ရပ်ကွက်များရှိ ကလေးကစားစရာအမျိုးမျိုးတို့ကို ရောင်းချနေသောဆိုင်များမှ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် စံချိန်၊ စံညွှန်းများ နှင့်ကိုက်ညီမှုရှိသော၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိသော၊ ကလေးများအတွက် ဘေးအန္တရာယ် ဖြစ်နိုင်ခြေမရှိသော၊ ကလေးကစားစရာများကိုသာ မိမိတို့၏ဆိုင်များတွင် ဝယ်ယူဖြန့်ဖြူးရောင်းချ စေလို ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်များထဲမှ မည်သည့်စီးပွားရေးလုပ်ငန်းကိုမဆို ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ) ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေးအတွက်နှင့်အသားတင်ပဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်း၊ သုံးစွဲပုံနည်းလမ်း နှင့် ပုဒ်မခွဲ(ဆ) ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့် ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့အား ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြပါရှိသော ကလေးကစားစရာအမျိုးမျိုးတို့ကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချပေးပါရန် စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးပြီး ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)