ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးရိုင်၊ ကော့မှူးမြို့နယ်၌ စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်တွင် လက်လီ၊ လက်ကားဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်ခြောက်ဆိုင်များတွင် စားအုန်းဆီဖြန့်ဖြူး ရောင်းချနေမှုအခြေအနေအား ဇွန်လ(၁၄)ရက်နေ့၊ နံနက်(၁၁:၀၀)အချိန်တွင် ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ် အထွထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစည်သူနှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ ခေတ္တမြို့နယ်ရဲမှုးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်သတင်းတပ်ဖွဲ့မှတာဝန်ခံ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဈေးတာဝန်ခံနှင့်ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာဝန်ခံတို့ပူးပေါင်းအဖွဲ့သည် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ စားအုန်းဆီ လက်လီဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်ခြောက်ဆိုင်ပိုင်ရှင်လုပ်ငန်းရှင်များအနေဖြင့် ကော့မှူးမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ ဈေးနှုန်းမှန်ကန်စွာဖြင့် စားအုန်းဆီများကို အခက်အခဲမရှိ ဝယ်ယူစားသုံး နိုင်ရေးအတွက် လက်လီရောင်းချသည့်ဆိုင်များအား စားအုန်းဆီခွဲတမ်း သတ်မှတ်ခွဲဝေချထားပေးပြီး ဖြစ်၍ ရရှိသည့်ခွဲတမ်းအလိုက် အခြေခံလက်ကားရည်ညွှန်းဈေးအား မိမိတို့၏ဈေးဆိုင်အရောက် ဈေးနှုန်းများအပေါ် (၂)ရာခိုင်နှုန်းအမြတ်ထက်မပိုသော ဈေးနှုန်းဖြင့် ဈေးကွက်အတွင်းအမှန်တကယ်ဖြန့်ဖြူး ရောင်းချပေးကြရန် ရှင်းလင်းပြောကြားခဲ့ပြီး စားအုန်းဆီလက်ကားရည်ညွှန်းဈေးတို့ကိုလည်း သက်ဆိုင်ရာဌာနမှ အပတ်စဉ်တနင်္လာနေ့တွင် ထုတ်ပြန်ကြေငြာပေးလျက်ရှိကြောင်း အသိပညာပေး ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
DOCA(ရန်ကုန်)