Main menu

“ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ထုတ်ချေးမှုအပေါ် အကျိုးသက်ရောက်မှု စောင့်ကြည့်အကဲဖြတ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်း ”

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေမှ ထုတ်ချေးမှု၊ ပြန်လည်ကောက်ခံရရှိမှု၊ အသုံးစရိတ် ကျခံသုံးစွဲမှုများကို (၆)လတစ်ကြိမ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြရမည်ဖြစ်ကြောင်း အကြောင်းကြားခဲ့ရာနိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှထုတ်ချေးမှုအပေါ်အကျိုးသက်ရောက်မှု စောင့်ကြည့် အကဲဖြတ်နိုင်ရေးအတွက် ရေကျော်ကျေးရွာရှိ ဦးအောင်မျိုးမင်း ငါးကန်သို့ ငါးမွေးမြူဖြစ်ထွန်းမှု အခြေအနေအား ဇွန်လ(၁၄)ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေး မှူး၊ ငါးလုပ်ငန်းဦးစီးဌာနမှမြို့နယ်ဦးစီးမှူး၊ ဆည်မြောင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊  စားသုံးသူရေးရာ ဦးစီးဌာန မှမြို့နယ်တာဝန်ခံ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှမြို့နယ်ရဲတပ်ဖွဲ့မှူး၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာနမှမြို့နယ်မန်နေဂျာ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးနှင့် သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးတို့မှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှထုတ်ချေးပြီး ငါးမွေးမြူရေးလုပ်ငန်း လုပ်ဆောင်ရာတွင် အကျိုးသက်ရောက်မှုအခြေအနေအား မေးမြန်းရာတွင် ရေကျော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်ရှိန်မှ နိုင်ငံတော်မှ အတိုးနှုန်းသက်သာစွာဖြင့် ပြည်သူတို့၏အကျိုးကို ရှေ့ရှုပြီး ထုတ်ချေးပေးခဲ့ကြောင်း ၊ငါးမွေးမြူခြင်းလုပ်ငန်းတွင် အဓိကကျသော ငါးအစာများအား ကြိုတင်ဝယ်ယူ စုဆောင်နိုင်ခြင်းတို့သည် ငါးမွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် များစွာအကျိုးသက်ရောက်မှုရှိကြောင်း၊ ငါးမွေးမြူခြင်းကို တိုးချဲ့လုပ်ဆောင်နိုင်ခဲ့သဖြင့် ရွာသူ ၊ ရွာသားများအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိပြီး အလုပ်လက်မဲ့ပြဿနာများအား ရရှိကြောင်း၊ ဖြေရှင်းဆောင်ရွက်နိုင်ခြင်း၊ ပြည်တွင်းပြည်ပသို့ငါးပိုမိုတင်ပို့နိုင်ခြင်းစသည့် ရရှိမည့်အကျိုးကျေးဇူးများ ဖြေကြားခဲ့ပါသည်။ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများကလည်း ယခုလိုနိုင်ငံ့စီးပွားရေးမြှင့်တင်ရေး ရန်ပုံငွေမှ ထုတ်ချေးပြီး ငါးမွေးမြူရေးလုပ်ငန်း ဆောင်ရွက်ရာတွင် များစွာအကျိုးသက်ရောက်မှုရှိသည်တို့ကို တွေ့ရသဖြင့် နောင်တွင်လည်း ယခုလိုလုပ်ငန်းများအား ပိုမိုထုတ်ချေးပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် လက်ရှိငါးမွေးမြူရေးအောင်မြင် ဖြစ်ထွန်းမှုအခြေအနေများအား စောင့်ကြည့် အကဲဖြတ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)