စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ရုံးတွင် (၄.၃.၂၀၂၂)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်၌ အလှကုန်မျိုးစုံဆိုင်လုပ်ငန်းရှင်(၅)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပါသည်။
အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးမိုးကျော်မှ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းအရာများကို အကျဉ်းချုံးပြောကြားပြီး၊ အခန်း(၉)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ အခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်အချက်များစသည့်တို့ကို ရှင်းလင်းဟောပြောခဲ့ပြီး၊ တက်ရောက်လာသူများမှလည်း သိလိုသည်များကို မေးမြန်း၍ စားသုံးသူကာကွယ်ရေးဥပဒေစားအုပ်နှင့် စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များပေးဝေခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)