![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/bo1_0.png?itok=hKgbFPiS)
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင် သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မူမူဝင်းနှင့်အတူ မတ်လ ၁၉ ရက်နေ့ နေ့လယ်ပိုင်းက အုတ်တွင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများကို Talk Show အစီအစဉ်ဖြင့် ဆောင်ရွက်ပါသည်။
Talk Show အစီအစဉ်တွင် မြို့နယ်တာဝန်ခံက စားသုံးသူနစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြား နိုင်ရန် ဌာနမှဆောင်ရွက်ထားရှိမှုများ၊ တိုင်ကြားလာခြင်းများကို ညှိနှိုင်းဖြေရှင်းဆောင်ရွက်ခြင်း၊ စီမံ ခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်းများ၊ ဥပဒေနှင့်အညီ တရားစွဲဆိုရန်ဖြစ်လာပါက တရားရုံးက ချမှတ်နိုင်သည့် ပြစ်မှုပြစ်ဒဏ်များအကြောင်းကို ရှင်းလင်းပြောကြားပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး ဆိုင်ရာ အသိပညာပေးခြင်းကို တက္ကသိုလ်၊ ကောလိပ်၊ သက်မွေးပညာကျောင်းများ၊ အခြေခံပညာ ကျောင်းများ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်၊ ကျေးရွာများသို့ သွားရောက်၍ ဟောပြောပွဲများ ကျင်းပ သည့်အပြင် သက်ဆိုင်ရာမြို့နယ်များမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် ညှိနှိုင်း၍ Talk Show အစီအစဉ်ဖြင့်လည်း ဆောင်ရွက်ကြောင်း သိရပါသည်။
DOCA(ပဲခူး)