
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ စားသုံးသူများအားလုံးသည် ကုန်စည်နှင့်ဝန်ဆောင်မှုများ အသုံးပြုရာတွင် ဘေးအန္တရာယ် ကင်းရှင်းစွာသုံးစွဲနိုင်ရေးအတွက် ခရိုင်အတွင်းရှိ ထုတ်လုပ်လျက်ရှိသော ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖေါ်ပြမှုရှိစေရေး ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိရာ ပြည်ခရိုင်အတွင်း ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁)ရက်နေ့မှ (၁၅)ရက်နေ့ အတွင်းပြည်မြို့၊ မြို့သစ်(၂)လမ်း(၃)ကွက်နေ ဒေါ်သင်းသင်းစိမ်း၏ ရွှေဖလား ဆန်ရောင်းဝယ်ရေး လုပ်ငန်းသို့လည်းကောင်း၊ မြောင်းဆုံအုပ်စု၊ စပါးထောင်းရွာနေ ဦးအောင်ဇော်မိုး၏ ဇမ္ဗူဇော် ဆန်စက်သို့လည်းကောင်း၊ ကသည်းဈေး၊ ဆံတော်ရပ်ကွက်နေ ဦးဖိုးထူး၏ရွှေဥဒေါင်း ဆန်ရောင်း ဝယ်ရေးသို့လည်းကောင်း၊ အောင်မင်္ဂလာဈေးအနီး ဦးဇော်လင်းအောင်၏ ရတနာပုံ ဆန်ရောင်း ဝယ်ရေးသို့လည်းကောင်း၊ ရွှေတောင်မြို့ ယွန်းတန်းရပ်ကွက် ပရိက္ခရာတန်းလမ်းနေ ဦးဝင်းလွင်၏ ရွှေတောင်ဆီစက်သို့လည်းကောင်း၊ ယွန်းတန်းရပ်ကွက် ကျောင်းကြီးလမ်းရှိ ဒေါ်သိင်္ဂီထွန်း၏ လပြည့် သောက်ရေသန့်လုပ်ငန်းသို့လည်းကောင်း၊ ပန်းတောင်းမြို့တွင် ဥသျှစ်ပင်ဒေသရှိ ဦးဘိုစံ၏ ဇူဇင်တိုးဆန်ရောင်းဝယ်ရေးနှင့် ဦးဝင်းဌေး၏ ပေါပြည့်ဝဆန်ရောင်းဝယ်ရေး လုပ်ငန်းသို့ လည်းကောင်း၊ ဆင်တဲရွာရှိ ဦးမျိုးခိုင်ဝင်း၏ မုဒိတာ အိမ်သုံးဆေးဆိုင်သို့လည်းကောင်း၊ ပေါက်ခေါင်းမြို့ ဘန့်ပြင်ကျေးရွာရှိ ဦးနေလင်းထွန်း၏ TOP ONE မြေပဲယို၊ နှမ်းယို၊ ကြံသကာယို လုပ်ငန်းသို့လည်းကောင်း၊ အမှတ်(၅)ရပ်ကွက်ရှိ ဦးချမ်းငြိမ်းအောင်၏ ရွှေစင်ကုန်စုံဆိုင်သို့ လည်းကောင်း သက်ဆိုင်ရာ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက်၍ လုပ်ငန်းရှင်များ ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စည်များတွင် အရည်အသွေး၊ အလေးချိန်၊ အချိန်အတွယ်၊ ပမာဏနှင့် အမျိုးအစားများ မှန်ကန်စွာ ဖြန့်ဖြူးရောင်းချမှုရှိစေရေး၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်း နှင့်အညီ ထုတ်လုပ်ရောင်းချမှုရှိစေရေး၊ ကုန်စည်အလိုက် ဖေါ်ပြရမည့် ကုန်အညွှန်းအမှတ်အသား များ ပြည့်စုံမှန်ကန်စွာဖေါ်ပြမှုရှိစေရေး လိုက်နာဆောင်ရွက်ကြရန်နှင့် နောက်ပိုင်းကာလများတွင် ကွင်းဆင်းစစ်ဆေးမှုများနှင့်အတူ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ဆောင်ရွက်သွားမှာဖြစ်သည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အထူးအလေးထား လိုက်နာဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)