Main menu

ရွှေတောင်မြို့နယ်ရှိ အ.မ.က ကူကြီးကျောင်းတွင်စားသုံးသူအသိပညာပေး ဟောပြောပွဲဆောင်ရွက်

Powered by Drupal

           ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ရှိ အ.မ.က ကူကြီးကျောင်းတွင် (၁၇.၆.၂၀၂၄)ရက်နေ့ နံနက် (၉:၀၀) မှ (၁၁:၃၀)အထိ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ နှင့် ဝန်ထမ်းများအဖွဲ့သည် မိတ်ဖတ်ဌာနဆိုင်ရာများဖြစ်သော ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ စားသုံးသူ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ စားသုံးသူအသိပညာပေးဟောပြောပွဲတွင် ကျောင်းသား/ကျောင်းသူနှင့် ဆရာ/ ဆရာမ စုစုပေါင်း (၃၀)ဦးအား စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံရုံးမှ ဒေါ်ဇင်မာချောစုကြည် (ဒု- ဦးစီးမှူး) မှ ကုန်အညွှန်းအမှတ်အသား(၈)ချက်တွင် ကုန်စည် အမျိုး အမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု၊ အညွှန်း၊ သုံးစွဲပုံ နည်းလမ်းများအကြောင်းကိုဟောပြောခဲ့သလို ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး (သို့မဟုတ်) ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်အသိပေးချက်အကြောင်းကို ဟောပြောခဲ့ပါသည်။ ထိုနောက် စားသုံးသူအခွင့်အရေး(၈)ချက် နှင့် လိုက်နာရမည့် တာဝန်(၄)ရပ် အားလည်း ဟောပြော ခဲ့ပါသည်။

DOCA(ပဲခူး)