Main menu

ပြည်ခရိုင်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင်စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများ ဟောပြောဆွေးနွေးခြင်းနှင့်Talk Show ဆောင်ရွက်ခြင်း

Powered by Drupal

           ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ရပ်ကွက်/ ကျေးရွာနေ စားသုံးသူပြည်သူများနှင့် တိုင်းပြည်၏ အနာဂတ်မျိုးဆက်သစ်များဖြစ်သော ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများ ကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်စေရေး ရည်ရွယ်၍ ခရိုင်အတွင်း မြို့နယ်များရှိ ရပ်ကွက်/ ကျေးရွာများနှင့် အခြေခံ ပညာကျောင်းများတွင် အသိပညာပေးဟောပြောဆွေးနွေးခြင်းများကို အင်တိုက်အားတိုက် လုပ်ဆောင်လျက်ရှိရာ ပြည်ခရိုင်အတွင်း ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁)ရက်မှ (၁၅)ရက်အတွင်း ပြည်မြို့ တွင် မြို့နယ်တာဝန်ခံများနှင့် ဝန်ထမ်းများသည် မြို့နယ်ပြန်ဆက်ရုံးနှင့်ပူးပေါင်း၍ စားသုံးသူအသိ ပညာပေး (Talk Show) ပွဲပြုလုပ်ခြင်း၊ ရွှေ‌တောင်မြို့တွင် အ.မ.က(ကူကြီး)နှင့် အ.မ.က (ဖိုးခေါင်) ကျောင်းများသို့လည်းကောင်း၊ ပန်းတောင်းမြို့တွင် မူလွန်(တောင်ဘွေ)၊ မူလွန်(ငါးမျက်နှာ)၊ မူလွန် (မကျီးထုံး) ကျောင်းများသို့လည်းကောင်း မြို့နယ်တာဝန်ခံများနှင့်ဝန်ထမ်းများသည်  မြို့နယ် ပြန်ဆက်ရုံးနှင့်ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

           အဆိုပါ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာမြို့နယ် တာဝန်ခံများမှ စားသုံးသူအခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန် အညွှန်းအမှတ်အသားဖေါ်ပြခြင်းဆိုင်ရာ အချက်များ၊ နစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့် ပုဂ္ဂိုလ်များနှင့် နည်းလမ်းများ၊ တိုင်ကြားနိုင်မည့် ဖုန်းနံပါတ်နှင့်လိပ်စာ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြစ်မှုပြစ်ဒါဏ်များအကြောင်း၊ သက်ဆိုင်ရာဌာနများက စားသုံးရန်မသင့်ဟု တားမြစ် ထုတ်ပြန်ထားသော ကုန်စည်များအား ရွေးချယ်ဝယ်ယူခြင်းမပြုရန်၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်သော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူကြရန် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)