Main menu

ပေါင်းတည်မြို့နယ် ပေါက်တန်းကျေးရွာ အ.ထ.က (ခွဲ)ကျောင်းတွင် အသိပညာပေး ဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်

Powered by Drupal

       ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ (၁၉.၆.၂၀၂၄) ရက်နေ့ နံနက် (၁၀:၀၀)နာရီ အချိန်တွင် ပေါင်းတည်မြို့နယ် ပေါက်တန်းကျေးရွာ အ.ထ.က (ခွဲ)ကျောင်းတွင် ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူများအား အသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

        ထိုသို့ဆွေးနွေးဟောပြောရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး    ဒေါ်အေးစုစံက ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်နှင့်ဆက်စပ် ပတ်သက်သည့် အကြောင်းအရာ များကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးနိုင်ဝင်းသိန်းက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)၊ ပုဒ်မ(၄၁)၊ ပုဒ်မခွဲ (ခ) (ဂ)နှင့် (ဆ)တို့ကို အကျယ်တဝင့် ရှင်းလင်း‌ဆွေးနွေးခဲ့ကြောင်းနှင့် အဆိုပါဟောပြောဆွေးနွေးပွဲသို့  ဆရာ/ ဆရာမ (၁၁)ဦးနှင့် ကျောင်းသားကျောင်းသူ (၁၇၀)ဦး တက်ရောက်ခဲ့ကြောင်း  သိရှိရပါသည်။

DOCA(ပဲခူး)