Main menu

ဆန်စက်တွင် ဆန်ကြိတ်ခွဲမှုနှင့် သိုလှောင်ထားရှိမှုများအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး မှခရိုင်ဦးစီးမှူးနှင့် ရွှေဘိုမြို့နယ်တာဝန်ခံတို့သည်  (၁၉.၆.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ စက်မှုဇုန်ရှိ ဆန်စက်သို့သွားရောက်၍ စပါးကြိတ်ခွဲမှု၊ ဆန်သိုလှောင်ထားရှိမှု၊ လက်ကျန်၊ ရောင်းချမှုနှင့်  ဈေးနှုန်း၊ ဈေးကွက်အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

      ထိုသို့စစ်ဆေးရာတွင် လုပ်ငန်းရှင်အနေဖြင့် စက်မှုဇုန်တွင် ဆန်စက်တည်ထောင်ထားရှိကြောင်း၊  မိမိဆန်စက်မှထွက်ရှိသော ဆန်များကိုသာရောင်းချလျက်ရှိပြီး မှာယူသည့်အပေါ်မူတည်၍ အခြားသော ဒေသများသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း၊  ဆန်သိုလှောင်ရုံသီးသန့်မရှိဘဲ စက်နှင့်တွဲထားသည့် သိုလှောင်ရုံသာရှိ၍ ကွင်းဆင်းစစ်ဆေးချိန်၌ အဆိုပါသိုလှောင်ရုံတွင် ရွှေဘိုပေါ်ဆန်းဆန်(၇၅၀)အိတ်၊ ဧရာမင်းဆန်(၃၀၀)အိတ် သိုလှောင်ထားရှိပြီး လက်ရှိရောင်းချလျက်ရှိသော ဈေးနှုန်းများမှာရွှေဘိုပေါ်ဆန်း ဆန်တစ်အိတ်လျှင် (၁၅၅,၀၀ဝိ/-)ကျပ်ဖြင့်လည်းကောင်း၊ ဧရာမင်းဆန်တစ်အိတ်လျှင် (၁၄၅,၀၀ဝိ/-)ကျပ် ဖြင့်လည်းကောင်းရောင်းချပြီး ဆန်ဈေးနှုန်းများမှာ ယခင်အပတ်ဈေးနှုန်းထက် သိသိသာသာမြှင့်တက်ခြင်း မရှိဘဲ အရောင်းအဝယ်မှာလည်း ပုံမှန်သာဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ခရိုင်ဦးစီးမှူးက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များအတွင်းရှိ ဆန်အပါအဝင် အခြေခံစားကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းများ တည်ငြိမ်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် လုပ်ငန်းရှင်များအနေဖြင့် ဈေးနှုန်း မြှင့်တင်ရောင်းချခြင်းအလို့ဌာ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်းများ မပြုလုပ်ရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

 DOCA(စစ်ကိုင်း)