Main menu

“ဆီရောင်းချသည့်လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး”

Powered by Drupal

        (၁၇-၆-၂၀၂၄)ရက်နေ့၊နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ကျောက်ဆည်ခရိုင်၊စားသုံးသူရေးရာ ဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံး၌ ကျောက်ဆည်မြို့နယ်အတွင်းရှိ စားသုံးဆီရောင်းချနေသည့် လုပ်ငန်းရှင် များနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ အဆိုပါတွေ့ဆုံပွဲတွင် ခရိုင်ဦးစီးမှူးမှ စားသုံးဆီထုတ်လုပ်သည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ဆိုင်၌ရောင်းချနေသည့် စားသုံးဆီဘူးများပေါ်၌ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ (၃-၁၂-၂၀၁၉)ရက်စွဲပါ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ (၂၀-၁၂-၂၀၂၁)ရက်စွဲပါ ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)ကို လိုက်နာဆောင်ရွက်မည့်အပြင် မြန်မာနိုင်ငံ အစားအသောက်နှင့်ဆေးဝါးအာဏာပိုင်အဖွဲ့ မှထုတ်ပြန်ထားသည့် ဟင်းသီးဟင်းရွက် ဆီများကို ရောနှောဆီ(Blended Oil)အဖြစ် ရောစပ်ရာတွင် အရည်အသွေး အာမခံချက် နှင့်အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာ သတ်မှတ်သည့် အမိန့်အမှတ်(၂/၂၀၂၄) ကိုပါလိုက်နာ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာ ဥပဒေများနှင့်အညီအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ အမိန့်နှင့်ညွှန်ကြားချက်များအား အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပါသည် ။ ၄င်းတွေ့ဆုံပွဲတွင် စားသုံးဆီရောင်းချသည့် စီးပွားရေး လုပ်ငန်းရှင်(၁၇)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)