Main menu

ငါန်းဇွန်မြို့ရှိအခြေခံပညာမူလတန်းကျောင်းများတွင် အသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်

Powered by Drupal

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ငါန်းဇွန်မြို့နယ် တာဝန်ခံသည် (၁၇.၆.၂၀၂၄)ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်၌ ငါန်းဇွန်မြို့ရှိ အမှတ်(၂)၊ အခြေခံ ပညာမူလတန်းကျောင်းတွင်လည်းကောင်း၊ (၁၉.၆.၂၀၂၄)ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်၌ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်းတွင်လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍  အသိပညာပေးဟောပြောပွဲများကို ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါဟောပြောဆွေးနွေးပွဲများတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးမှ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးပြုမှုနှင့်တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ပြီး၊ စားသုံးသူရေး ရာဦးစီးဌာန၊ ငါန်းဇွန်မြို့နယ်တာဝန်ခံ ဒေါ်သင်းသင်းဆွေမှ  စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ ဟောပြောဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အဓိပ္ပာယ်၊ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ၏အဓိပ္ပယ်များ၊ နစ်နာဆုံးရှုံးမှု၏ အဓိပ္ပာယ် နှင့်ကုန်အညွှန်းအမှတ်အသားများအကြောင်းကိုရှင်းလင်းခဲ့ပြီး ကျောင်းသားကျောင်းသူများမှာ နုငယ်သည့်ကလေးသူငယ်များဖြစ်သည့်အတွက် ကျောင်းတွင်ဖြစ်စေ၊ မိမိတို့၏နေထိုင်ရာရပ်ကွက်/ ကျေးရွာများ၌ဖြစ်စေ အစားအစာများဝယ်ယူစားသောက်ရာတွင် အသင့်စား အစားအစာများကို တတ်နိုင်သလောက်လျော့ပေါ့စားသောက်ကြရန်၊ အချို့အစားအသောက်များမှာ ခွင့်မပြုဓာတုဆိုး ဆေးများ၊ ကြာရှည်ခံဆေးဝါးများပါရှိသည့်အတွက် ခန္ဓာကိုယ်ကြီးထွားမှု၊ ဉာဏ်ရည်ဖွံဖြိုးမှုများ ထိခိုက်နိုင်ပြီး ရောဂါမျိုးစုံဖြစ်ပွားတတ်ကြောင်း၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် ဖြစ်နိုင်လျှင် လတ်ဆတ်၍အဟာရဖြစ်စေသော မြန်မာ့မုန့်ပဲသွားရည်စာများကိုသာ စားသောက်သင့်ပါကြောင်း၊ အစားအစာများဝယ်ယူစားသောက်ရာတွင်လည်း သန့်ရှင်မှုရှိပြီး၊ လုံခြုံစွာဖုံးအုပ်ထားသောအစား အစာများကို ဝယ်ယူစားသောက်ကြရန်နှင့် သန့်ရှင်းမှုမရှိသော၊ ဖုံးအုပ်မှုမရှိသော ယင်နားစာများကို ရှောင်ကျဉ်ကြရန်၊ ငယ်ရွယ်စဉ်မှစ၍ ကျန်းမာရေးကို အထူးဂရုစိုက်ကြရန်နှင့်ကျန်းမာရေးကောင်းမှ အတန်းပညာများကိုကောင်းစွားသင်ယူနိုင်ပြီး မိမိတို့၏ဘဝရည်မှန်းချက်များအောင်မြင်မည်ဖြစ်ပါ ကြောင်း၊ မိမိတို့ဝယ်ယူလိုက်သောကုန်ပစ္စည်းကို ဈေးဆိုင်မှ ပေးလိုက်သည့်အတိုင်း မယူရန်နှင့် ကုန်အညွှန်းအမှတ်အသားများကို ငယ်ရွယ်စဉ်မှစ၍ ကြည့်ရှု့ရွေးချယ်ဝယ်ယူကြရန်အလေ့ အကျင့် များရှိကြဖို့လိုအပ်ပါကြောင်း၊ ကုန်စည်ဝန်ဆောင်မှုများနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုများရှိခဲ့လျှင် အရေးဆိုတိုင်ကြားနိုင်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဟောပြောဆွေးနွေးပွဲများ မှ ရရှိသည့်အသိပညာဗဟုသုတများကိုလည်း မိမိတို့၏မိသားစုဝင်များ၊ မိတ်ဆွေအပေါင်းအသင်း များနှင့် မိမိတို့၏ပတ်ဝန်းကျင်များကိုလည်း အသိပညာဗဟုသုတများ ပြန်လည်မျှဝေပေးသည့် အလေ့အကျင့်ကောင်းများလည်းရှိကြရန်နှင့် ပြန်လည်၍မျှဝေပေးစေလိုပါကြောင်း စသည်ဖြင့် အသိ ပညာပေးဟောပြောဆွေးနွေးခဲ့ရာ အမှတ်(၂)အခြေခံပညာမူလတန်းကျောင်းတွင် ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၁၀၀)ဦးတက်ရောက်ခဲ့ပြီး၊ အမှတ်(၁)အခြေခံပညာမူလတန်း ကျောင်းတွင် ဆရာ/ဆရာမနှင့်ကျောင်းသား/ကျောင်းသူစုစုပေါင်း(၇၈)ဦး အသီးသီးတက်ရောက် ခဲ့ကြပါသည်။

DOCA(မန္တလေး)