Main menu

RCEP ၏အခန်းကဏ္ဍ

Powered by Drupal
Wed, 06/26/2024 - 12:48 -- consumer_admin

   သုံးနိုင်ငံစလုံးမှာ စီးပွားရေး အကြပ်အတည်းရှိပြီး သုံးနိုင်ငံ၏စုစုပေါင်းကုန်သွယ်ရေးပမာဏသည်  တစ်ကမ္ဘာလုံး စုစုပေါင်းပြည်တွင်းထုတ်ကုန် (GDP) ၏ ၂၅ ရာခိုင်နှုန်းခန့်နှင့် ပေါင်းစပ်နှစ်အလိုက် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၈၀၀ ဘီလီယံကျော်ရှိသည်။

       တရုတ်နိုင်ငံသည် ဂျပန်နှင့် တောင်ကိုရီးယားတို့၏ အကြီးဆုံးကုန်သွယ်ဖက်ဖြစ်ပြီး ဂျပန်နှင့်ကိုရီးယားတို့သည် တရုတ်၏ စတုတ္ထနှင့် ပဉ္စမမြောက် အကြီးဆုံးကုန်သွယ်ဖက်များဖြစ်ကြောင်းသိရသည်။
      FTA ဆွေးနွေးပွဲများ ပြန်လည်စတင်သည့်အချိန်တွင် အရှေ့အာရှအိမ်နီးချင်နိုင်ငံများသည် ၎င်းတို့၏ အခိုင်မာဆုံးစီးပွားရေးနှောင်ကြိုးများကို ကောင်းမွန်စွာအချက်ပြနိုင်ရန်အတွက် ကြိုးပမ်းရန် အခွင့်လမ်းများ ကို အရှေ့အာရှ အိမ်နီးချင်းများက တည်ဆောက်သွားနိုင်မည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက မှတ်ချက်ပြုသည်။
       တရုတ်နှင့် တောင်ကိုရီးယားတို့သည် ၂၀၁၅ ခုနှစ်တွင် FTA လက်မှတ်ရေးထိုးခဲ့သည်။
       နိုင်ငံသုံးနိုင်ငံစလုံးသည် ၂၀၂၂ ခုနှစ်တွင် စတင်အသက်ဝင်ခဲ့သော RCEP (ဒေသဆိုင်ရာ ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ )၏ အဖွဲ့ဝင်များဖြစ်ကြသည်။
       တရုတ်-ဂျပန်-တောင်ကိုရီးယား FTA ကို "RCEP Plus" အဖြစ် အသိအမှတ်ပြုမည်ဖြစ်ပြီး RCEP ၏ လွတ်လပ်ခွင့်အဆင့်ကိုကျော်လွန်သွားမည်ဖြစ်သည်။
       ဥပမာအားဖြင့်၊ သုံးနိုင်ငံသည် RCEP မှမလုပ်ဆောင်ခဲ့သော မော်တော်ကားများနှင့် မော်တော်ကားအစိတ်အပိုင်းများအပေါ် စည်းကြပ်ခွန်များ အပြည့်အဝ ဖျက်သိမ်းရန် ရည်ရွယ်ထားကြောင်း Nikkei Asia သတင်းအေဂျင်စီက ဖော်ပြသည်။
      ဂျပန်နိုင်ငံသည် RCEP အဖွဲ့ဝင်နိုင်ငံအဖြစ်မှ ထွက်ခွာသွားသော နိုင်ငံပိုင်လုပ်ငန်းများအတွက် ဦးစားပေးလျှော့ပေါ့ပေးမည်ဖြစ်ပြိး  စက်မှုလုပ်ငန်းဆိုင်ရာ ထောက်ပံ့ကြေးများကို လျှော့ချရန်လည်း ကြိုးပမ်းမည်ဖြစ်ကြောင်း Nikkei Asia က ဖော်ပြခဲ့သည်။
        RCEP  အောက်တွင် သုံးနိုင်ငံမှ အချင်းချင်း ကတိကဝတ်များ နည်းပါးနေကြောင်း စင်ကာပူရှိ Hinrich ဖောင်ဒေးရှင်းမှ ကုန်သွယ်ရေးမူဝါဒ အကြီးအကဲ ဒေါက်တာ Deborah Elms က မှတ်ချက်ပြုခဲ့သည်။ ဖောင်ဒေးရှင်းသည် သုတေသနနှင့် ပညာရေးအားဖြင့် ရေရှည်တည်တံ့သော ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုကို တိုးတက်စေရန် လုပ်ဆောင်သည်။သုံးလမ်းသွား FTA သည် ၎င်းတို့အား ပိုမိုအာရုံစိုက်နိုင်စေမည်ဟု သူမက ပြောကြားခဲ့သည်။ ဆက်လက်၍   "မိတ်ဖက်လုပ်ငန်းမှာ    မင်းသုံးယောက်ပဲရှိတယ်ဆိုရင်၊  ၁၅ပါတီ နဲ့လုပ်ဖို့ကြိုးစားခြင်းထက် တချို့နေရာတွေမှာ ပိုပြီးရည်မှန်းချက် ကြီးတဲ့နည်းလမ်းတွေနဲ့ သဘော တူညီချက်တစ်ခုကို ညှိလို့ရပါတယ်။"ဟု ဒေါက်တာ Elms ကပြောကြားခဲ့သည်။ 
       တရုတ်နိုင်ငံ၏ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ He က နိုင်ငံသုံးနိုင်ငံ၏ စီးပွားရေးသည် အလွန်လိုက်ဖက်ညီပြီး ၎င်းတို့၏စက်မှုလုပ်ငန်းကွင်းဆက်များ အလွန်ချိတ်ဆက်နေသော်လည်း သုံးနိုင်ငံသည် စိုက်ပျိုးရေး၊ အီလက်ထရွန်းနစ်နှင့် ဓာတုဗေဒ နယ်ပယ်များစွာတွင် မူ ပြိုင်ဖက်များဖြစ်ကြသည်ဟု ယင်းကဆိုသည်။
      ဆက်လက်၍ တရုတ်နိုင်ငံတွင် လာမည့်နှစ်အတွင်း အကောက်ခွန်ဖယ်ရှားမည့်အလားအလာရှိသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများမှာ ပရိဘောဂများ၊ ကုန်ကြမ်းများဖြစ်ကြပြီး အကောက်ခွန်ဖယ်ရှားမည့် ကုန်ပစ္စည်းများကို ရှာဖွေခြင်းသည် “စိန်ခေါ်မှုတစ်ရပ်” ဖြစ်သည်ဟု သူမကဆိုသည်။ 
       ကျွမ်းကျင်သူအချို့က တရုတ်နိုင်ငံသည် ၎င်း၏စီးပွားရေးစိန်ခေါ်မှုများကြောင့် FTA ဆွေးနွေးပွဲများကို အရှိန်မြှင့်ရန် စိတ်အားထက်သန်နေသော်လည်း အချို့သော ကျွမ်းကျင်သူများကမူ FTA သဘောတူညီချက်သည် တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့ကိုလည်း အကျိုးပြုနိုင်လိမ့်မည်ဟု ယုံကြည်ကြသည်။
        FTA အတွက် တရုတ်နိုင်ငံ၏ စိတ်အားထက်သန်မှုသည် အံ့သြစရာမဟုတ်ကြောင်း အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားတက္ကသိုလ်မှ သုတေသန ပါမောက္ခ အာရှ-ပစိဖိတ် ခံနိုင်ရည်ရှိမှုနှင့် ဆန်းသစ်တီထွင်မှုဗဟိုဌာန ဥက္ကဋ္ဌနှင့် ပါမောက္ခ Syaru Shirley Lin က ပြောကြားခဲ့သည်။
        “ဒီနိုင်ငံတွေကြား ပိုမိုရင်းနှီးတဲ့ စျေးကွက်ပေါင်းစည်းမှုဟာ စီးပွားရေးအရ အဓိပ္ပါယ်ရှိပါတယ်။ အိမ်ခြံမြေ ကျဆင်းမှု၊ စားသုံးမှု အားနည်းမှုနှင့် ပုဂ္ဂလိကကဏ္ဍ ရင်းနှီးမြုပ်နှံမှုနှင့် ငွေကြေးဖောင်းပွမှုနှင့် တိုးပွားလာသော အကြွေးများ၏ ဖိအားများနှင့် တရုတ်နိုင်ငံ၏ စီးပွားရေး စိန်ခေါ်မှုများကြောင့် ပေကျင်းသည် ၎င်း၏ စီးပွားရေးတိုးတက်မှုကို မြှင့်တင်ရန် လေးနက်သော အစီအမံများ လိုအပ်ကြောင်း သူမက ဆက်လက် ပြောကြားခဲ့သည်။
         တရုတ်နိုင်ငံသည် ပိုလျှံသောစက်မှုစွမ်းရည်နှင့်ဆိုလာပြားများ၊ လျှပ်စစ်ကားများနှင့် သံမဏိများ ဈေးပေါသောတင်ပို့မှုတွင် အမေရိကန်၏ ဖိအားများနှင့် ရင်ဆိုင်နေရပြီး ၄င်း၏ပြည်တွင်းကုန်ထုတ်လုပ်မှု၊ အားထုတ်မှုများကို ထိခိုက်မည်ဟု စိုးရိမ်မှုများရှိနေသည်။
         တစ်ဆက်တည်းမှာပင် အမေရိကန်သည် တရုတ်၏လျှပ်စစ်ကားများအပေါ် ၁၀၀ ရာခိုင်နှုန်းအခွန်အပါအဝင် တရုတ်သွင်းကုန် အချို့အပေါ် စည်းကြပ်ခွန်တိုးမြှင့်ထားသည်။
        Bucknell တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံနှင့် နိုင်ငံတကာဆက်ဆံရေးပါမောက္ခဒေါက်တာ Zhu Zhiqun  က တရုတ်နိုင်ငံသည် FTA အတွက် ဂျပန် သို့မဟုတ် တောင်ကိုရီးယားထက် ပိုမိုစိတ်အားထက်သန်သည်ဟူသော အချက်ကို လက်မခံဘဲ သုံးနိုင်ငံစလုံးသည် ကုန်သွယ်မှုနှင့် ထောက်ပံ့ရေးကွင်းဆက်ပြဿနာများ တိုးတက်မှုအတွက် ‘စုပေါင်းအကျိုးစီးပွား’ရှိကြောင်း ၄င်းကပြောကြားခဲ့သည်။
            ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် တောင်ကိုရီးယားက သုံးနိုင်ငံ ထိပ်သီးဆွေးနွေးပွဲကို စတင်ဖို့ သိသိသာသာကြိုးပမ်းခဲ့ပြိး မေလအစောပိုင်းက တောင်ကိုရိးယား နိုင်ငံခြားရေးဝန်ကြီး ချိုထယ်ယွန်းသည် ထိပ်သီးဆွေးနွေးပွဲအတွက် လမ်းခင်းရန် ပေကျင်း၌ တရုတ်သမ္မတ ဝမ်ရီထံသွားရောက်ခဲ့သည်။
            ထိုသို့သွားရောက်ရာတွင် တောင်ကိုရီးယားသမ္မတယွန်က အမေရိကန်နှင့် ဂျပန်တို့နှင့် ဆက်ဆံရေး ခိုင်မာစေရန် ကြိုးပမ်းနေသော်လည်း တောင်ကိုရီးယားသည် တရုတ်နိုင်ငံမှ ဝေးကွာသွားသည်ဟု မဆိုနိုင်ကြောင်းပြောကြားခဲ့ သည်ဟု မစ္စတာချိုက အလေးနက်ပြောကြားခဲ့သည်။
            အမေရိကန်-တရုတ်ပြိုင်ဆိုင်မှုနှင့်အတူ ပထဝီဝင်နှင့် ဈေးကွက်အမှန်များကို ဟန်ချက်ညီရန် လိုအပ်သောကြောင့် FTA ဆွေးနွေးပွဲများ ပြန်လည်စတင်ပါက သုံးနိုင်ငံသည် သတိကြီးကြီးထားပြီး လှုပ်ရှားသွားဖွယ် ရှိကြောင်း လေ့လာသုံးသပ်သူများက ဆိုသည်။
        အမေရိကန်သည် ဂျပန်နှင့်တောင်ကိုရီးယားအတွက် အရေးကြီးဆုံးမဟာမိတ်ဖြစ်ပြီး မိတ်ဖက်အဖြစ်ဆက်လက်တည်ရှိနေကြောင်း Bucknell တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံနှင့် နိုင်ငံတကာ ဆက်ဆံရေးပါမောက္ခဒေါက်တာ Zhu Zhiqun  က ပြောကြားခဲ့သည်။
          ‘ဒါတောင် တရုတ်က သူတို့ရဲ့အကြီးဆုံးကုန်သွယ်ဖက်ပါ။တရုတ်နဲ့ထိပ်တိုက်ရင်ဆိုင်တဲ့ ဆက်ဆံရေး ရှိဖို့က သူတို့အကျိုးစီးပွားအတွက်မဟုတ်ဘူး’ဟု ၄င်းကဆက်လက်ပြောကြားခဲ့သည်။
       တစ်ဖက်တွင်လည်း ဂျပန်နှင့် တောင်ကိုရီးယားတို့က ‘တရုတ်နှင့် ၄င်းတို့၏ အချိုးမညီသော စီးပွားရေးအပြန်အလှန်မှီခိုမှုကို အားနည်းချက်အဖြစ် ယူဆကြသည်’ဖြစ်ကာ အထူးသဖြင့် အမေရိကန်-တရုတ် မဟာဗျူဟာပြိုင်ဆိုင်မှု ကြီးထွားလာခြင်းကြောင့် စီးပွားရေးကွဲပြားမှုကို ဆက်လက်လုပ်ဆောင်ရန် တွန်းအားပေးခဲ့သည်ဟု အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားတက္ကသိုလ်မှ သုတေသန ပါမောက္ခ အာရှ-ပစိဖိတ် ခံနိုင်ရည်ရှိမှုနှင့် ဆန်းသစ်တီထွင်မှုဗဟိုဌာန ဥက္ကဋ္ဌနှင့် ပါမောက္ခ Syaru Shirley Lin ကမှတ်ချက်ပြုခဲ့သည်။
            ‘အကျိုးဆက်အနေနဲ့ စေ့စပ်ညှိနှိုင်းရေး လုပ်ငန်းစဉ်မှာ တိုကျိုနဲ့ ဆိုးလ်တို့ဟာ ကုန်ထုတ်လုပ်မှု အလွန်အကျွံ၊ ထောက်ပံ့မှုတွေနဲ့ အစိုးရပိုင်လုပ်ငန်းများအတွက် ဦးစားပေးဆက်ဆံမှုတွေနဲ့ပတ်သက်လို့ တရုတ်နိုင်ငံက စိုးရိမ်မှုတွေကို ဖြေရှင်းပေးဖို့ တောင်းဆိုဖို့အလားလာပိုရှိလာမှာဖြစ်တယ်’ဟု သူမကပြောကြား ခဲ့သည်။
            မကြာသေးမီနှစ်များအတွင်း တောင်ကိုရီးယားနှင့် ဂျပန်နှစ်နိုင်ငံလုံးသည် တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ် နှံမှု လျှော့ချခဲ့ကြောင်း ကိန်းဂဏန်းများအရ သိရသည်။
            ၂၀၂၃ခုနှစ်တွင် တောင်ကိုရီးယားသည် ၃၁နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တရုတ်နှင့် ကုန်သွယ်မှု လိုငွေအဖြစ် စံချိန်တင်ခဲ့ပြီး ပို့ကုန်ထက် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ ကန်ဒေါ်လာ၁၈ဘီလီယံ ပိုမိုတင်သွင်းခဲ့ ကြောင်း Statistics Koreaအရ သိရသည်။
            တောင်ကိုရီးယားကုမ္ပဏီများမှ တရုတ်နိုင်ငံသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုသည် ၂၀၂၃ခုနှစ်တွင် ၇၈.၁ ရာခိုင်နှုန်းမှ  အမေရိကန်ဒေါ်လာ ၁.၈၇ ဘီလီယံအထိ ကျဆင်းသွားခဲ့ကြောင်း တောင်ကိုရီးယား ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။
            တစ်ချိန်တည်းတွင်ပင် ယမန်နှစ်က တရုတ်နိုင်ငံသို့ ဂျပန်မှ တင်ပို့မှု အသားတင်ငွေသည် အနည်းဆုံး ဆယ်စုနှစ်တစ်ခုအတွင်း အနိမ့်ဆုံးသို့ကျဆင်းခဲ့ပြီး ဂျပန်ယန်းငွေ ၁.၃၁ ထရီလီယံ(အမေရိကန် ဒေါ်လာ ၁၁.၉၁ဘီလီယံ)ရှိကြောင်းဂျပန်နိုင်ငံ၏ ဘဏ္ဍာရေးဝန်ကြီးဌာန၏ အချက်လက်များအရ သိရသည်။
            စစ်တမ်းကောက်ယူခဲ့သည့် ဂျပန်ကုမ္ပဏီများ၏ ကုမ္ပဏီပေါင်း ၁၇၄၁၏ ထက်ဝက်သည် ၂၀၂၄ ခုနှစ်တွင် တရုတ်စီးပွားရေး ပိုမိုဆိုးရွားလာမည်ဟု သုံးသပ်ကြပြီး ယင်းကဲ့သို့ ဆိုးဝါးမှုသည် ယမန်နှစ်အကုန်တွင် ၃၇ ရာခိုင်နှုန်းအထိတိုးလာနိုင်ချေရှိသည်ဟု တရုတ်နိုင်ငံရှိ ဂျပန်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းမှ မကြာသေးမီက ပြုလုပ်ခဲ့သော စစ်တမ်းတစ်ခုကတွေ့ရှိခဲ့သည်။
            ကျွမ်းကျင်သူစီးပွားရေးပညာရှင်များက သုံးနိုင်ငံကြား မကြာမီကာလအတွင်း FTA ဖြစ်လာနိုင်ခြေနှင့် ပတ်သက်၍ ရောထွေးသော အမြင်များရှိကြသည်။
            ခေါင်းဆောင်(၃)ဦး၏ နောက်ဆုံးကတိကဝတ်များသည် စားပွဲပေါ်ရှိ စစ်မှန်သော စီးပွားရေး အကျိုးအမြတ်များ ရရှိမည့် ဆွေးနွေးပွဲများ လက်မှတ်ရေးထိုးရန် အလွန်နီးကပ်နေပြီဖြစ်သော ‘ စစ်မှန် သော စင်မြင့်’သို့ မရွှေ့မချင်း ကုမ္ပဏီများကို အပြောင်းအလဲဖြစ်စေမည်မဟုတ်ကြောင်း ၄င်းကပြောကြားခဲ့သည်။
            ဒေါက်တာ Zhu ၏ အပြုသဘောသုံးသပ်ချက်အနေဖြင့် ‘နိုင်ငံသုံးနိုင်ငံက စီးပွားရေးတိုးတက်မှု အရှိန်အဟုန်ကို ထိန်းထားနိုင်ရင် ကျန်ရှိနေတဲ့ အတားအဆီးတွေကို ဖယ်ရှားပြီး အလားလာရှိတဲ့ပြင်ပဝင်ရောက် စွပ်ဖက်မှုကို တွန်းလှန်မယ်ဆိုရင် FTA ဟာ သိပ်မကြာခင်မှာ အလားလာကောင်းနိုင်ပါတယ်’ဟု ၄င်းက ပြောကြားခဲ့သည်။
            FTA နှင့် ပတ်သက်၍ အလေးနက်ထားမည်ဆိုပါက သုံးနိုင်ငံလုံးမှ  ကြိုးပမ်းအားထုတ်မှုများ အရှိန်မြ့င့်ရမည်ဖြစ်ပြီး၊ ဥပမာအားဖြင့် ပိုမိုပြင်းထန်သော ဆွေးနွေးမှုများတွင် ပါဝင်သည့် အဖွဲ့ကြီးများနှင့် မကြာခဏ တွေ့ဆုံမှုများရှိခြင်းဖြစ်သည်ဟု Dr.Elms မှ ပြောကြားခဲ့သည်။
            တစ်နှစ်လျှင်တစ်ကြိမ်ဆွေးနွေးပွဲများသည် ‘အပြောင်းအလဲများစွာ ရှိလာမည်မဟုတ်’ဟု သူမက ဆိုသည်။
DOCA(မန္တလေး)