![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/sg1.jpg?itok=XkS3rcCU)
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ ရွှေဘိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် (၂၄.၆.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ရွှေဘိုခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာရုံးအစည်းအဝေးခန်းမ၌ ပြည်တွင်းစားဆန် ဈေးနှုန်းများ သင့်တင့်မျှတစွာဖြင့် တည်ငြိမ်မှန်ကန်စေရေးနှင့် MyRo တွင် သိုလှောင်ရုံမှတ်ပုံတင် ဆောင်ရွက်ရေး ရှင်းလင်းပွဲကို ကျင်းပခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲတွင် ရွှေဘိုခရိုင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီဥက္ကဌမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ဆောင်ပုဒ်၊ မျှော်မှန်းချက်များ၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ၊ စားသုံးသူရေးရာ ဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ဆန်စပါးသိုလှောင်မှု မှတ်ပုံတင်ရေး စီစဉ်ဆောင်ရွက်ရန်နှင့် သင့်တင့်မျှတသောဆန်ဈေးနှုန်းများဖြင့် ရောင်း/ဝယ်ရန် တိုက်တွန်းနှိုးဆော်ချက် ထုတ်ပြန်ထားရှိမှုများ၊ MyRo တွင် သိုလှောင်ရုံမှတ်ပုံတင်ဆောင်ရွက်ရေး အကြောင်းများနှင့်စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်နှင့် စားသုံးသူရေးရာဦးစီးဌာနတို့၏ အသိပေးကြေငြာထားမှုအခြေအနေများ၊ (၁၇.၆.၂၀၂၄) ရက်နေ့ထိ MyRo တွင် ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ထားသည့်စာရင်းများကို အသေးစိတ် ရှင်လင်း ဆွေးနွေးခဲ့ကြောင်း၊ ဆက်လက်၍ တက်ရောက်လာသည့်လုပ်ငန်းရှင်များမှ မရှင်းလင်းသည်များနှင့် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခြင်း၊ အထွေထွေဆွေးနွေးခြင်းများပြုလုပ်ခဲ့ပြီး ခရိုင်ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီဥက္ကဌက နိဂုံးချုပ်စကားပြောကြားခဲ့ပါသည်။
အစည်းအဝေးသို့ ရွှေဘိုခရိုင်ကုန်ဈေးနှုန်း တည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ ခရိုင်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှတာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ဆန်စက်လုပ်ငန်းရှင်နှင့် ဆန်ကုန်သည် (၁၀၅) ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)