Main menu

ကန့်ဘလူခရိုင်၏ ဇွန်လအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့်ကွင်းဆင်းတွေ့ဆုံခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

Powered by Drupal

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင် အနေဖြင့် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ဒေသတွင်းရှိ MSMEsလုပ်ငန်းများ၏ လိုအပ်ချက်တို့ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် လစဉ် စီးပွားရေး လုပ်ငန်းရှင်များနှင့် ကွင်းဆင်းတွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်း ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် အငယ်တန်စားရေးတို့သည် ကန့်ဘလူမြို့ ၊ အမှတ်(၃)ရပ်ကွက်ရှိ “လွင်မျိုးအောင်” မုန့်လုပ်ငန်း ရှင်နှင့် ကွင်းဆင်းတွေ့ဆုံခဲ့ရာ ကုန်အညွှန်းအမှတ်အသားများကို ညွှန်ကြားချက်နှင့်အညီ ထည့်သွင်း လိုကြောင်းလျှောက်ထားလာရာ၊ တာဝန်ခံကလိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ပြီး အထက် အဆင့်ဆင့်သို့တင်ပြခဲ့ရာ ဥပဒေနှင့်ကိုက်ညီမှုရှိကြောင်း အတည်ပြုဆောင်ရွက်ပေးနိုင်ခဲ့သည်။ ကျွန်းလှမြို့နယ်တာဝန်ခံသည် ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ရှိ “စမိုင်းလ်” မုန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များကို သိရှိထားရန်လိုအပ်ကြောင်းနှင့် မိမိတို့ထုတ်လုပ်သည့်ကုန်စည်များကို ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဆောင်ရွက်သွားရန် စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)