ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြိုနယ် တာဝန်ခံက ဟင်္သာတခရိုင်၊ ဒူးယားမြို့၊ ဟင်္သာတ-ဇလွန်လမ်းရှိ ကျော်မရွေးလုပ်ငန်းရှင်၏ နေအိမ်တွင် မတ်လ ၈ ရက်နေ့၊ နံက် (၀၉:၀၀)၌ ပေါ်ဆန်းမရွေးလုပ်ငန်းရှင် ၆ ဦးကို ၊ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ဟောပြောပွဲတွင် ဟင်္သာတမြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၉) ပါ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များအကြောင်း၊ အခန်း(၁၀) ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာကိစ္စရပ်များနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ် ၂/ ၂၀၁၉ ပါ ကုန်စည်အုပ်စုအလိုက် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့်အချက်များအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ လုပ်ငန်းရှင်များမှလည်း ကုန်အညွှန်းအမှတ်အသားနှင့်ဖော်ပြခြင်းနှင့် ပတ်သက်၍သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး နံက် (၁၁:၀၀) တွင် ဟောပြောပွဲပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)