Main menu

ဆန်ဆိုင်များ ဈေးနှုန်းမြှင့်တင့်ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ တောင်ကြီးခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ဆန်စပါးအသင်းတို့နှင့်ပူးပေါင်း၍ တောင်ကြီးမြို့ပေါ်ရှိ  Ocean Centre ၊ Star Mart နှင့် ယုန်ဖြူမလေးဆန် အရောင်းဆိုင်များ ရောင်းချနေသော ဆန်များ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း ရှိ/ မရှိ ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ရောင်းချနေသော ဆန်များ ဈေးကွက်အတွင်း  ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဈေးကွက်လိုအပ်ချက်အပေါ်မူတည်၍ ဆန်များအား သိုလှောင် ပြီး ဈေးကစားမှု မပြုလုပ်ရန် ဆွေးနွေးပြောကြားခဲ့ပါသည်။  မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ၂၀၂၄ ခုနှစ်၊ ဇွန်လအတွက် သတ်မှတ်ထုတ်ပြန်ထားသော ဈေးနှုန်းများထက် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမပြုရေး၊ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းအမြတ်ဖြင့်သာ ရောင်းချရန် ဆွေးနွေး ပြောကြားပြီး ဆန်ဆိုင်များ ပုံမှန်ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်းနှင့် ဆန်ဈေးနှုန်း လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(ရှမ်း)