Main menu

ဒေးဒရဲမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စာဖတ်သူပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည်၂၀၂၄ခုနှစ်၊ဇွန်လ(၂၅)ရက်နေ့၊ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင်       ဒေးဒရဲမြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စာဖတ်သူပြည်သူ( ၁၀ )ဦးတို့အား     စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံမှ စားသုံးသူအခွင့်အရေးများအကြောင်း၊  ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ စားသုံးသူပြည်သူများ ဆောင်ရန်၊ရှောင်ရန် သိကောင်းစရာများ စားသုံးသူများအနေဖြင့် မိမိဝယ်ယူသည့် ကုန်ပစ္စည်းတွင်ဖော်ပြပါရှိသည့် ပါဝင်ပစ္စည်း၊  အလေးချိန်နှင့် ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်၊ သုံးစွဲပုံနည်းလမ်းစသည့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကို ဝယ်ယူကြရန်နှင့် ကုန်အညွှန်းအမှတ်အသား မပြည့်စုံသောကုန်စည်များကို  ဝယ်ယူခြင်းမပြုရန် ၊  စားသုံးသူနစ်နာဆုံးရုံးမှု  တစ်စုံတစ်ရာဖြစ်ပေါ်လာပါက  လူကိုယ်တိုင်လည်းကောင်း ၊  သက်ဆိုင်ရာဦးစီးမှူးရုံးသို့  သက်သေခံအထောက်အထားနှင့်အတူ   တိုင်ကြားနိုင်ကြောင်းနှင့် Call Center  1535 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း ရှင်းလင်းဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)