![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/1.14.jpg?itok=6nO9BBOQ)
စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများသည် ၂၆-၆-၂၀၂၄ ရက်၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ အ.မ.က (၅)၊ အခြေခံပညာမူလတန်းကျောင်းတွင်ရှိ (ကျောင်းသား၊ကျောင်းသူ)များအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အကြောင်းသိကောင်းစရာများကို အသိပညာပေး ဟောပြော ကျင်းပခဲ့ကြောင်း သိရှိရသည်။
အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ အကြီးတန်း စာရေး ဒေါ်စုနွေးသီရိမောင်က ကျောင်းသား/ကျောင်းသူများအနေဖြင့် ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိသော အစားအသောက်နှင့်ကုန်စည်များကို စနစ်တကျရွေးချယ်ဝယ်ယူ စားသောက်သုံးစွဲတတ်စေရန် အတွက် ကုန်အညွှန်းအမှတ်အသားအကြောင်းကို ကျောင်းသား၊ ကျောင်းသူများကို လွယ်ကူစွာ သိရှိနိုင်ရန် ဥပမာ- မုန့်မျိုးစုံဖြင့် လက်တွေ့ ရှင်းလင်းပြောကြားခဲ့ကာ ဆရာ၊ ဆရာမ (၆) ဦး၊ ကျောင်းသား၊ ကျောင်းသူများ (၁၀၁)ဦး စုစုပေါင်း ဦးရေ(၁၀၇) တက်ရောက်ပြီး ဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ကရင်)