Main menu

စစ်ကိုင်းတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ MSMEs လုပ်ငန်းများအတွက် အစားအသောက်သန့်ရှင်းရေးဆိုင်ရာသင်တန်းနှင့် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ပြုလုပ်

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၄ ခုနှစ် ဇွန်လ ၂၁  ရက်နေ့ စစ်ကိုင်းခရိုင် စားသုံးသူရေးရာဦးစီး ဌာနရုံးခန်းမ၌  ခေါက်ဆွဲစက်လုပ်ငန်းရှင်များ၊ ဆီစက်လုပ်ငန်းရှင်များနှင့် ရေသန့်လုပ်ငန်းရှင်များ စုစုပေါင်း (၂၈) ဦးအား အစားအသောက်သန့်ရှင်းရေးဆိုင်ရာသင်တန်းနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။

  အဆိုပါဟောပြောပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက  တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများက  အသေးစား၊ အငယ်စားနှင့် အလတ်စား စက်မှုလုပ်ငန်းများအတွက် အသင့်ထုတ်ပိုးထားသော အစားအသောက်များ၏ အစား အသောက် သန့်ရှင်းရေးဆိုင်ရာအကြောင်းအရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင် ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်က စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းသိကောင်းစရာများ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)၊ အခန်း(၁၁)၊ အခန်း(၁၂)၊ အခန်း(၁၃)၊ အခန်း(၁၄)နှင့်  အခန်း(၁၈) ပါအချက်အလက်များကို အသေးစိတ်ရှင်းလင်း ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)