Main menu

ရွှေဘိုခရိုင်၏ (၆/၂၀၂၄)လအတွင်း ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိ၊ စားသုံးသူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ် ကင်းရှင်းပြီး လုံခြုံစိတ်ချရမှု ရှိစေရေး၊ ကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ ညွှန်ကြားချက်များနှင့်ကိုက်ညီမှုရှိ/မရှိ  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍သော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရ ခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများက ဦးဆောင်၍သော်လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

    ရွှေဘိုခရိုင်အနေဖြင့် (၆/၂၀၂၄)လအတွင်း ဒု-ခရိုင်ဦးစီးမှူးမှဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့သည် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများပူးပေါင်း၍ ရွှေဘိုမြို့၊ အမှတ်(၆)ရပ်ကွက်ရှိ ကွမ်းစားဆေး အမျိုးမျိုးရောင်းဝယ်ရေးဆိုင် (၂)ဆိုင်အားလည်းကောင်း၊ အမှတ်(၅)ရပ်ကွက်နှင့် အမှတ်(၄)ရပ်ကွက်ရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်(၂)ဆိုင်အားလည်းကောင်း၊ အမှတ်(၆)ရပ်ကွက်နှင့် အမှတ်(၁၀) ရပ်ကွက်ရှိ စားသုံးဆီနှင့်ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင် (၂)ဆိုင်အားလည်းကောင်း၊ အမှတ်(၆)ရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင် (၂)ဆိုင်အားလည်းကောင်း ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ဌာန၏ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်ပါအကြောင်းများကို အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)