Main menu

ကန့်ဘလူခရိုင်၏ ဇွန်လအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင် ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူများအသုံးပြုလျက်ရှိသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တ ရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို လစဉ်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

      ၂၀၂၄ ခုနှစ် ဇွန်လအတွင်း စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်ကာ မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ပြည်ပမှတင်သွင်းသော ကုန်စည်များကိုသာမက ပြည်တွင်း၌ထုတ်လုပ်သော ကုန်စည် များနှင့်စပ်လျဉ်း၍ ဈေးကွက်မရောက်မီ သို့မဟုတ် ဈေးကွက်ရောက်ပြီး ကုန်စည်များ၏  ဘေးအန္တ ရာယ်ရှိ/မရှိ စစ်ဆေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့်အချက်များ ပါဝင်မှုရှိ/မရှိ စစ်ဆေးခြင်းကို ကန့်ဘလူမြို့နယ်အနေဖြင့် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ “ခန့်ညားရတနာ” ဆေးဆိုင်၊ အမှတ်(၅)ရပ်ကွက်ရှိ “နီနီ”စတိုး၊ အမှတ်(၃)ရပ်ကွက်ရှိ “ခန့်ညားရတနာ”ဆေးနှင့်ဆေးပစ္စည်းဆိုင်တို့အားလည်းကောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၃)ကြိမ်၊ ကျွန်းလှမြို့နယ် အနေဖြင့် ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်ရှိ “CHEERRY MARK”ကုန်စုံဆိုင်၊ သစ်ရာမြိုင်ဈေးရှိ “ ဒေါ်ဝိုင်းတင်”ကုန်စုံဆိုင်တို့အားလည်းကောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၂)ကြိမ်နှင့် ကန့်ဘလူမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ “သိန်းကမ္ဘာ”စက်သုံးဆီအရောင်းဆိုင်အား အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၁)ကြိမ်၊ ကျွန်းလှမြို့၊ သစ်ရာမြိင်ရပ်ကွက်ရှိ “လင်းရောင်ဝင်း”  စက်သုံးဆီအရောင်းဆိုင်အား အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၁)ကြိမ် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊  စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရောင်းချသည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကိုပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာဖြန့်ဖြူးရောင်းချရန်၊ သက်ဆိုင်ရာဌာနများမှ စားသုံးရန်မသင့် ထုတ်ပြန်ထားသည့်ကုန်စည်များ၊ စံမညီဆေးဝါးများ စသည်တို့ကို ရောင်းချခြင်းမပြုရန် အသိပညာပေးမှာကြားခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)