Main menu

စားအုန်းဆီများအား FDA ဌာန၏ ထောက်ခံချက် ပါ/မပါ စစ်ဆေးခြင်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေး၊ စားသုံးသူရေးရာဦးစီးဌာန ပူးပေါင်းအဖွဲ့တို့သည် ပန်းတနော်မြို့နယ် ပြည်သူများ ဘေးအန္တရာယ်ကင်းသော ကုန်စည်များကို အသုံးပြုနိုင်ရေးအတွက် ပန်းနံ့သာဈေး၊ အင်းမဈေး၊ ပသွယ်ဈေး၊ မြို့မဈေးနှင့် အခြားလက်ကားဆီအရောင်းဆိုင်တို့တွင် ရောင်းချလျက်ရှိသည့် စားသုံးဆီအမျိုးမျိုးတို့တွင်  FDA ဌာန၏ ထောက်ခံချက်မပါဝင်သော ကုန်စည်များ ရောင်းချခြင်း ရှိ/မရှိကို (၂၁.၆.၂၀၂၄)ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

     ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းက ပန်းတနော်မြို့နယ်တွင် ရောင်းချနေသော ဆီအရောင်းဆိုင်ရှင်များကို စစ်ဆေးပြောကြားရာတွင် စားအုန်းဆီများ မြို့နယ်အတွင်းဈေးကွက် အသီးသီးသို့ ဖြန့်ဖြူးသောအခါ ကျန်းမာရေးနှင့် ညီညွတ်ပြီး စနစ်တကျရှိစေရန်၊ ဆီဖြန့်ဖြူးပေးသော ပီပါခွံများကို  အသစ်ဖြစ်စေရန်  သို့မဟုတ် သန့်ရှင်းရေး ပြုလုပ်ပြီးသော  ပီပါခွံများ ဖြစ်စေရန်၊   အကြိမ်ကြိမ်အသုံးပြုထားပြီး သန့်ရှင်းရေး ပြုလုပ်မှုအားနည်းသော  ပီပါခွံများ လုံးဝမဖြစ်စေရန် ပညာပေးပြောကြားခဲ့ပြီး ဆီအရောင်းဆိုင်များတွင် အမှတ်တံဆိပ်ပါ ဆီသွပ်ဘူးများတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) အသိအမှတ်ပြု ထောက်ခံချက်များ ရှိ/မရှိနှင့် စားသုံးသူရေးရာဦးစီးဌာန၏ ထုတ်ပြန်ထားသော ကုန်အညွှန်အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပါဝင်မှု ရှိ/ မရှိကို စစ်ဆေးခဲ့ရာ ပန်းတနော် ဈေးကွက်အတွင်းရှိ အမှတ်တံဆိပ်ပါ ဆီဘူးများသည် သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များ၊ ကုန်အညွှန်းများပါဝင်သောဆီဘူးများကိုသာ ရောင်းချနေကြောင်းကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)