Main menu

မအူပင်မြို့တွင် ဆန်စက်လုပ်ငန်းရှင်အသင်းများမှ သက်သာသောဈေးဖြင့်ဆန်ရောင်းချ

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင်  မြို့နယ်စီမံအုပ်ချုပ်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဆန်စက်လုပ်ငန်းရှင်အသင်းမှ စီစဉ်မှုဖြင့် ဆန်တစ်ပြည်လျှင် (၃၀၀၀)နှုန်းဖြင့် ရောင်းချပေးခြင်းကို ဇွန်လ(၂၄)ရက်နေ့က နံနက်ပိုင်းက အမှတ်(၃)ရပ်ကွက်ရှိ မြို့နယ်မီးသတ်ရုံးရှေ့၌ ရောင်းချပေးခဲ့သည်။

   ထိုသို့ရောင်းချရာတွင် ဧည့်မထအမျိုးအစား ဆန်(၂၄)အိတ်အား တစ်ပြည်လျှင် (၃၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ရာ ပြင်ပပေါက်ဈေးထက် တစ်ပြည်လျှင် ၁၂၀၀/-နှုန်းသက်သာ စွာဖြင့်ရောင်းချပေးခြင်းဖြစ်ကြောင်း မအူပင်ဆန်စက်လုပ်ငန်းရှင်အသင်းမှ ဒေသခံပြည်သူများ အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

    အလားတူပင် ဓနုဖြူမြို့နယ်တွင်လည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ဓနုဖြူဆန်စက်လုပ်ငန်းရှင်အသင်းမှ စီစဉ်မှုဖြင့် ဓနုဖြူဒေသခံပြည်သူများကို (၂၃.၆.၂၀၂၄) ရက်နေ့က သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)