Main menu

ဆန်သိုလှောင်ရုံနှင့် ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် ညောင်တုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ (၂၁.၆.၂၀၂၄)ရက်နေ့ နေ့လယ်ပိုင်းတွင် ညောင်တုန်းမြို့ပေါ်ရှိ ဆန်သိုလှောင်ရုံများနှင့် ဆန်အရောင်းဆိုင်များသို့လည်းကောင်း သွားရောက်၍ ဆန်သိုလှောင်ထားရှိမှုနှင့် ရောင်းချဖြန့်ဖြူးမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

     မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်း ဆန်ပြတ်လပ်မှုမရှိစေရေးနှင့် ဆန်ဈေးနှုန်း ကြီးမြင့်မှု မဖြစ်ပေါ်စေရေးအတွက် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် သက်ဆိုင်ရာ ဌာန ဆိုင်ရာများနှင့်ပူးပေါင်း၍ ခရိုင်/မြို့နယ်အတွင်းရှိ ဆန်သိုလှောင်ရုံနှင့် ဆန်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး ဈေးနှုန်းမြှင့်တင်ရောင်းချဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများမပြုရန် စစ်ဆေးရေးအဖွဲ့မှ ဆန်နှင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းမကြီးမြှင့်စေရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ဆန်ဆိုင်နှင့် သိုလှောင်ရုံများက သက်ဆိုင်ရာဌာနတို့၏ လမ်းညွှန်ချက်များကို လေးစားလိုက်နာကြရန် ပညာပေးပြောကြားခဲ့သည်။

    စစ်ဆေးရာတွင် ဆန်ဆိုင်များရှိ ဆန်ရောင်းချမှု အိတ်ရေအတွက်၊ ရောင်းချနေသော ဆန်များသည် ရက်(၉၀)၊ ဆင်းသုခ၊ မနောသုခ၊ အညာသားဆန်၊ သီးထပ်ရင်၊ 219 ဆန်၊ မှော်ဘီ-၃၊ တောင်ပျံ၊ ကြားပျံ မအူပင်ဒေသထွက်၊ ညောင်တုန်းဒေသထွက်ဆန်များဖြစ်ပြီး အခြားဒေသဆန်များဖြစ်သော၊ ရွှေဘိုပေါ်ဆန်း၊ မြောင်းမြပေါ်ဆန်း၊ ပုသိမ်ပေါ်ဆန်း၊ ဖျာပုံကြားပျံ၊ ဖျာပုံတောင်ပျံဆန်များကို ဝယ်ယူရောင်းချလျက်ရှိကြောင်းသိရပြီး၊ ဆန်ဈေးနှုန်း ယခင်အပတ်ဈေး၊ ယခုအပတ်ဈေးများကို မေးမြန်းခဲ့ပြီး ဆန်ရောင်းချမှု ပုံမှန်အတိုင်းရှိပြီး ဆန်သိုလှောင်မှု ဆန်အိတ် ရေအတွက်များစွာမရှိပဲ ပုံမှန်လည်ပတ်၍ ဈေးနှုန်းတည်ငြိမ်ပြီး ပုံမှန်ဖြန့်ဖြူး ရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)