Main menu

ပလတ်စတစ် သုံးစွဲမှု လျော့ချရေး မိတ်ဖက်ဌာနများနှင့် အပါတ်စဉ် ပူးပေါင်းကွင်းဆင်းစစ်ဆေး

Powered by Drupal

    ဧရာဝတီတိုင်း​ဒေသကြီး၊​ မအူပင်ခရိုင်၊​ ဓနုဖြူမြို့မစျေး၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ပြည်သူများ ပလတ်စတစ်အိတ် လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ ​အပတ်စဉ် တနင်္လာနေ့တိုင်း ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်များ မသုံးစွဲရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၄ခုနှစ် ဇွန်လ(၃)ရက်နေ့ နံနက်(၀၉:၀၀) နာရီက ဓနုဖြူမြို့မ​စျေးနှင့် ရပ်ကွက်ဈေးတွင် ပလတ်စတစ်အိတ်ဖြင့် ထုပ်ပိုးရောင်းချခြင်း မရှိစေရန်အတွက် စစ်ဆေးခြင်းနှင့် ပလတ်စတစ်အိတ်အစား အင်ဖက်၊ ငှက်​ပျောဖက်၊ သတင်းစာစက္ကူတို့ဖြင့် အစားထိုးထုတ်ပိုးသုံးစွဲ​စေ​ရေး အသိပညာပေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

   ထိုသို့စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာ​ရေးအဖွဲ့၊ မြို့နယ်စားသုံးသူ​ရေးရာဦးစီးဌာန၊ မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူး​ပေါင်း၍ မြို့မ​စျေးအတွင်းနှင့်အပြင်၊ ရပ်ကွက်ဈေးများတွင် လိုက်လံကွင်းဆင်းစစ်​ဆေး​​ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)