Main menu

သရက်မြို့၊ တောင်မင်းတည်းရပ်ကွက်၌ စားသုံးသူပြည်သူများသို့ သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းချ

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့၊ တောင်မင်းတည်းရပ်ကွက်ရှိ သိမ်ကြီးဘုရားဝန်းအတွင်း၌ ဆန်စက်နှင့် ဆန်လုပ်ငန်းရှင်များအသင်းမှ စားသုံးသူပြည်သူများသို့ (၁.၇.၂၀၂၄)ရက်နေ့၊ (၀၉:၀၀)နာရီအချိန်တွင် ဧည့်မထဆန်(၁)ပြည်လျှင် ကျပ်(၃၀၀၀)နှုန်းဖြင့် ပြည်သူ(၃၆၀)ဦးအား စုစုပေါင်း ဆန်အိတ် (၁၅)အိတ်ရောင်းချပေးခဲ့ပါသည်။

   အဆိုပါရောင်းချပေးနေမှုအား စားသုံးသူရေးရာဦးစီးဌာန သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ စိစစ်ကြပ်မတ်ဆောင်ရွက်ပေးခဲ့ပါသည်။ ဆန်စက်နှင့် ဆန်လုပ်ငန်းရှင်များအသင်းမှ ယခုကဲ့သို့ မြို့ပေါ်ရှိရပ်ကွက်များတွင် အပတ်စဉ် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ပါကြောင်း သိရှိရပါသည်။

DOCA(မကွေး)