Main menu

ဂန့်ဂေါမြို့၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) စည်ပင်သာယာကျောင်းသို့ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ဂန့်ဂေါမြို့နယ်မှ ဒုတိယဦးစီးမှူး ဒေါ်ဇာဇာချိုဦးနှင့် ဝန်ထမ်း သည် (၂၈.၆.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)အချိန်တွင် ဂန့်ဂေါမြို့၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) စည်ပင်သာယာကျောင်းသို့ သွားရောက်ပြီး ဆရာ၊ ဆရာမ(၂)ဦး၊ ကျောင်းသား၊ ကျောင်း သူ(၄၀)ဦး၊ စုစုပေါင်း(၄၂)ဦးတို့အား စားသုံးသူကာကွယ်ရေးအသိပညာပေးဆိုင်ရာ ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

      ဒုတိယဦးစီးမှူး ဒေါ်ဇာဇာချိုဦးက အသိပညာပေးဆွေးနွေးရာတွင် ဌာန၏သမိုင်းကြောင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများ၊ ကုန်အညွှန်း အမှတ်အသားဖော်ပြချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ပြစ်မှုပြစ်ဒဏ်များနှင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ အသုံးပြုခြင်းကြောင့် နစ်နာဆုံးရှုံးများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ စားသုံးသူရေးရာကိစ္စများ စုံစမ်း မေးမြန်းရန်အတွက် Consumer Call Center (၁၅၃၅)အား ဖွင့်လှစ်ထားရှိကြောင်းနှင့် စားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူအသုံးပြုရာတွင် နစ်နာမှုများဖြစ်ပေါ်ပါက တိုင်ကြားနိုင်သည့်သူများ၊ တိုင်ကြားပုံအဆင့်ဆင့်နှင့် မိမိတို့ဌာနမှ ဖြေရှင်းဆောင်ရွက်ပြီးစီးမှုများကို အသိပညာပေးဆွေးနွေးခဲ့ပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို  စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)