Main menu

စားသုံးသူပြည်သူများအားအသိပညာပေးဟောပြော

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး(ရုံးအုပ်)သည် ၂.၇.၂၀၂၄ ရက်နေ့တွင် မိုးညှင်းမြို့နယ်၊နန့်လှိုင်ကျေးရွာရှိ စားသုံးသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ အသိပညာပေးဟောပြောရာတွင် ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူကာကွယ်ရေး၊ စားသုံးသူ၏ အဓိပွါယ်ဖွင့်ဆိုချက်၊ စားသုံးသူ၏ အခွင့်အရေး(၈)ချက်၊ စားသုံးသူ၏ တာဝန်များဖြစ်သော ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်နှင့် လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ပေးခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေချယ်ဝယ်ယူရာတွင် သဘောတူညီထားသည့် တန်ဖိုးနှင့်အညီပေးချေခြင်း၊ စီးပွားရေး လုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာ စေရန်ရည်ရွယ်၍ မဟုတ်မမှန်စွပ်စွဲပြောဆိုမှု၊ ပြုလုပ်မှုတို့ကို ရှောင်ကြဉ်ခြင်း စသည့်အချက်များ၊ စာသုံးသူနစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်း၍ တိုင်ကြားနိုင်မည့် နည်းလမ်းများ၊  Online Shopping များသုံးစွဲရာတွင် သတိပြု ဆောင်ရွက်သင့်သည့်အချက်များ၊ အွန်လိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ သုံးစွဲရာတွင် သတိပြုလိုက်နာသင့်သည့် အချက်များအား အသိပညာပေး ဟောပြောခဲ့ပါသည်။   အဆိုပါ အသိပညာပေးဟောပြောသို့ စားသုံးသူ ပြည်သူ(၁၆)ဦး တက်ရောက်ခဲ့ပါသည်။

DOCA(ကချင်)