Main menu

ဘားအံမြို့ရှိ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဘားအံခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများသည် ၂-၇-၂၀၂၄ ရက်၊ နံနက် ၁၀:၃၀ နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းရှိ (ကျောင်းသား၊ကျောင်းသူ)များအား စားသုံးသူကာကွယ်‌ရေးဆိုင်ရာ သိကောင်းစရာ အကြောင်းကို အသိပညာပေး ဟောပြောခဲ့ပါသည်။

    အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဘားအံခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနိုင်က စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း၊ စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာများနှင့် ထုတ်ကုန်လုံခြုံစိတ်ချမှုရှိသော အစားအသောက်နှင့် ကုန်စည်များကို စနစ်တကျ ရွေးချယ်ဝယ်ယူစားသောက်သုံးစွဲတတ်စေရန်အတွက် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သိကောင်းစရာများအကြောင်းကို  ကျောင်းသား၊ ကျောင်းသူများကို လွယ်ကူစွာ သိရှိနိုင်ရန်  ရှင်းလင်းပြောကြားခဲ့ပါသည်။‌ဟောပြောပွဲ ဆရာ၊ ဆရာမ (၁၃) ဦး၊  ကျောင်းသား၊ ကျောင်းသူများ (၁၀၈)ဦး၊  စုစုပေါင်း (၁၂၁) ဦး တက်ရောက်ပြီး  လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကရင်)